ဘုရားသုံးဆူမြို့ သပိတ်စစ်ကြောင်းတွင် ပါဝင်သောလူငယ်များနေအိမ် စစ်ဆေးမှုများရှိနေ


ဧပြီ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။ သူးလေသတင်းစဥ်

​ကေအဲန်ယူ- ဒူးပလာယာခရိုင် (ကရင်ပြည်နယ် ဘုရားသုံးဆူမြို့)တွင် ဧပြီ (၂၄) ရက်နေ့ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး ဆန္ဒပြမှုများရပ်တန့်ချိန်တွင် မြို့တွင်းအာဏာသိမ်းစစ်အုပ်စုမှ ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူး များမှ ဆန္နပြပြည်သူများအား ဝရမ်းများ ထုတ်ခဲ့ကြောင်း သိရှိရသည်။ 

 သပိတ်စစ်ကြောင်းတွင်ပါဝင်သော Generation Z နေအိမ်များတွင်း အာဏာသိမ်းစစ်အုပ်စု တပ်ဖွဲ့များမှ အင်အားအလုံးအရင်းဖြင့်  ရှာဖွေမှုများရှိပြီး ဧပြီ (၂၈) ရက်နေ့တွင် အမှတ် ၁ အုပ်ချုပ်ရေးမှူးဟောင်း နေအိမ်တွင် ရှာဖွေ မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 

ဘုရားသုံးဆူမြို့တွင်တစ်နေ့ တစ်ခြား ဆိုးရွားလာသော အာဏာသိမ်းအ​ကြမ်းဖက် စစ်အုပ်စုတပ်ဖွဲ့ဝင်များ လုပ်ရပ်ကြောင့် မြို့တွင်းလုံခြုံမှုကင်းမဲ့ လာသည်ဟု အမည်မဖော်လိုသူ ဘုရားသုံးဆူမြို့ ဒေသခံများမှ ပြောသည်။


Thoolei News - KNU -Department Of Information

https://www.facebook.com/KNUDOIHQ/

ဘုရားသုံးဆူမြို့ သပိတ်စစ်ကြောင်းတွင် ပါဝင်သောလူငယ်များနေအိမ် စစ်ဆေးမှုများရှိနေ ဘုရားသုံးဆူမြို့ သပိတ်စစ်ကြောင်းတွင် ပါဝင်သောလူငယ်များနေအိမ် စစ်ဆေးမှုများရှိနေ Reviewed by THITHTOOLWIN on 21:02 Rating: 5

No comments:

Powered by Blogger.