၅၀၅ (က) နဲ့ တရားစွဲခံထားရတဲ့ သတင်းထောက် ၄ ဦးကို ရုံးထုတ်

ဆန္ဒပြပွဲ သတင်းယူတဲ့ သတင်းထောက်တွေ ဖမ်းဆီး ထိန်းသိမ်းခံရ

အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတဲ့ MPA က ဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်၊ ဇီးကွက်သတင်းဌာနက ကိုပြည့်ဖြိုးဇော်၊ 7 Day သတင်းဌာနက ကိုအောင်ရဲကိုနဲ့ အလွတ်တန်း သတင်းထောက် ကိုဗညားဦး တို့ကို ဒီကနေ့ ဧပြီလ ၆ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။

ဖမ်းဆီးခံထားရသူတွေကို အာမခံပေးဖို့ လျှောက်လဲချက် ပေးခဲ့ပြီး မကြာခင်မှာ ပြန်လွတ်လာနိုင်တဲ့သဘော ရှိတယ်လို့ အမှုအတွက် လိုက်ပါဆောင်ရွက်နေသူ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

သတင်းထောက်တွေကို အခုလို ပုဒ်မ၅၀၅(က)နဲ့ အမှုဖွင့်ပြီး ဖမ်းဆီး ထိန်းသိမ်းနေတာနဲ့ ပတ်သက်လို့ ရှေ့နေတွေနဲ့ သတင်းမီဒီယာကောင်စီတို့ ပူးပေါင်းပြီး ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်သွယ် တင်ပြထားတာတွေ ရှိတယ်လို့ အမှုလိုက်ပါဆောင်ရွက်နေသူ ရှေ့နေတွေဆီက သိရပါတယ်။

ဖမ်းဆီးခံထားရသူ သတင်းထောက်တွေနဲ့ သူတို့မိသားစုဝင်တွေဟာVideo Conferencingစနစ်နဲ့ တစ်ကြိမ်သာ တွေ့ဆုံခွင့် ရခဲ့ပြီး အင်းစိန်ထောင်တွင်း အမှု စစ်ဆေးကြားနာချိန်မှာလည်း မိသားစုတွေ လိုက်ပါခွင့် မရခဲ့ပါဘူး။

သူတို့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေဆီကတဆင့်သာ မိသားစုဝင်တွေက သိရပါတယ်။

အထိန်းသိမ်းခံထားရတဲ့ အမျိုးသမီး သတင်းထောက်တစ်ဦး ဖြစ်တဲ့Myanmar Now သတင်းထောက် မကေဇွန်နွေး ကတော့ ကျန်းမာရေး သိပ်မကောင်းဘူးလို့ သူ့နဲ့အတူ အင်းစိန်ထောင်ထဲမှာ အတူ ရှိခဲ့ပြီး အခုအခါပြန်လွတ်မြောက်လာသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီကနေ့ ရုံးထုတ်ခဲ့သူတွေကို အာမခံပေး၊ မပေး ဆိုတာကို ဧပြီလ ၂၀ရက်နေ့မှာ အမိန့် ချမှတ်မှာပါ။

Myanmar Now သတင်းထောက် မကေဇွန်နွေးနဲ့ အလွတ်တန်း သတင်းထောက် ကိုစိုးရာဇာထွန်း တို့ကို တော့ လာမယ့် ဧပြီလ ၈ ရက်နေ့မှာ အင်းစိန်ထောင်တွင်းမှာပဲ ရုံးထုတ် စစ်ဆေးမယ်လို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

၅၀၅ (က) နဲ့ တရားစွဲခံထားရတဲ့ သတင်းထောက် ၄ ဦးကို ရုံးထုတ်  ၅၀၅ (က) နဲ့ တရားစွဲခံထားရတဲ့ သတင်းထောက် ၄ ဦးကို ရုံးထုတ် Reviewed by THITHTOOLWIN on 20:08 Rating: 5

No comments:

Powered by Blogger.