မန္တလေးမှာ ဈေးထဲပစ်ခတ်မှုကြောင့် ဈေးသည်တွေ တိမ်းရှောင်နေရ- အခွန်ကောက် ပစ္စည်းလုတာတွေလုပ်နေ



Share/Bookmark



မန္တလေးမြို့ မဟာမြိုင် အပိုင်း (၁)၊ ၄၂ လမ်း၊ ၆၆ နဲ့ ၆၇ လမ်းကြားက ဈေးမှာ ၂၀၂၁ ဧပြီလ ၂၈ ရက်နေ့က စျေးကောက်လာကောက်တဲ့ စည်ပင်ဝန်ထမ်းတွေကို တွေ့ရစဉ်

(၂၉/၄/၂၀၂၁)

မန္တလေး၊ မဟာမြိုင် အပိုင်း (၁)၊ ၄၂ လမ်း၊ ၆၆ နဲ့ ၆၇ လမ်းကြားက ဈေးမှာ အခွန်မပေးသူတွေကို ဖမ်းဆီးတာ ပစ္စည်းသိမ်းယူတာတွေလုပ်နေတယ်လို့ စျေးသည်တွေပြောပါတယ်။

မနေ့ ဧပြီလ ၂၈ ရက်နေ့ကဆိုရင် ဈေးခွန်လာကောက်တဲ့ စည်ပင်ဝန်ထမ်းတွေကို ဈေးသည်တွေ အချက်နှစ်ချက် တောင်းဆိုရာကနေ အဆင်မပြေဖြစ်တဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံပစ်ခတ်လို့ ဈေးသူဈေးသားအချို့ ထွက်ပြေးခဲ့ကြရတယ် လို့ ဈေးသည်တွေက ပြောပါတယ်။

အခွန်လာကောက်တဲ့ စည်ပင်ဝန်ထမ်းကို အခွန်ပြေစာပေးဖို့နဲ့ စည်ပင်ယူနီဖောင်းနဲ့ လာကောက်ဖို့ပြောရာကနေ သေနတ်နဲ့ပစ်ခတ်တာတွေ လုပ်လာခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဈေးသည်တစ်ဦးက ပြောပါတယ်။

"ဈေးတာဝန်ခံက CDM လုပ်ပြီး လာမကောက်တာကြာပါပြီ။ မနေ့က စည်ပင်ဝန်ထမ်းကိုးယောက်လောက် ဈေးခွန်လာကောက်တော့ အခွန်ဆောင်တဲ့ပြေစာနဲ့ လာကောက်တဲ့သူတွေ စည်ပင်ယူနီဖောင်းဝတ်၊ နာမည်ကတ်ပြားချိတ် ကောက်ပေးဖို့ တောင်းဆိုတော့ သူတို့က စစ်သားတွေ သွားခေါ်လာပြီး ကျနော်တို့ကို ဖမ်းခိုင်းတော့ ထွက်ပြေးတဲ့အခါ သေနတ်နဲ့ လိုက်ပစ်ပါတယ်။ အခုလည်း စုံစမ်းတာတွေလုပ်နေလို့ ဈေးမထွက်ဘဲ ရှောင်နေရတယ်။ လက်လုပ်လက်စားတွေဆိုတော့ အခုလိုလုပ်တာက အဆင်မပြေပါဘူး” 

ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

မန္တလေးမြို့မှာရှိတဲ့ ဈေးပေါင်း ၄၀ ကျော်ထဲက CDM လုပ်ဆောင်နေတဲ့ စည်ပင်ဝန်ထမ်း တစ်ရာကျော် အလုပ်က ရပ်နားခံထားရပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေမှာ ပါဝင်ခဲ့ကြပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ