ဧပြီ ၉ ရက်နေ့က ပဲခူးတွင်ဖမ်းဆီးခံထားရသည့်အလွတ်တန်းသတင်းထောက်ဆေးကုသမှုခံယူနေရ


ပဲခူး ဧပြီ ၁၄ ။

ဧပြီ ၉ ရက်နေ့က ပဲခူးမြို့တွင်ဖြစ်ပွားခဲ့သည့်ပစ်ခတ်ဖြိုခွင်မှုအားသတင်းသွားရောက်ယူစဉ်ဖမ်းဆီးခံလိုက်ရသည့် အလွတ်တန်းသတင်းထောက် ဦးအေးမင်းသည်ပဲခူးဆေးရုံတွင်ဆေးကုသမှုခံယူနေသည်ဟု ပဲခူးဆေးရုံကအတည်ပြုပြောကြားသည်။

ယမန့်နေ့မွန်းလွဲပိုင်းက ပဲခူးဆေးရုံသို့ရောက်ရှိလာခြင်းဖြစ်သည်ဟုပဲခူဆေးရုံမှသိရသည်။

ဖမ်းဆီးခံလူနာဦးအေးမင်းအားသွားရောက်သတင်းမေးနိုင်သည်ဟု ပဲခူးဆေးရုံနှင့်နီးစပ်သူတစ်ဦးကဆိုသည်။

ဦးအေးမင်းဖမ်းဆီးခံရသည့် ဧပြီ ၉ ရက်နေ့တွင် ၎င်း၏သားဖြစ်သူသည်စစ်တပ်မှပစ်ခတ်သည့်ကျည်ဆံထိမှန်၍သေဆုံးသွားခဲ့သည်။

ယမန့်နေကပဲခူးဆေးရုံတွင်ဆေးကုသမှုခံယူနေသော(ဦးအေးမင်းနှင့်အတူဖမ်းဆီးခံရသူ) တစ်ဦးသေဆုံးသွားခဲ့သည်။


Bago Weekly Journal Online Page

https://www.facebook.com/bagoweeklyjournal1212

ဧပြီ ၉ ရက်နေ့က ပဲခူးတွင်ဖမ်းဆီးခံထားရသည့်အလွတ်တန်းသတင်းထောက်ဆေးကုသမှုခံယူနေရ ဧပြီ ၉ ရက်နေ့က ပဲခူးတွင်ဖမ်းဆီးခံထားရသည့်အလွတ်တန်းသတင်းထောက်ဆေးကုသမှုခံယူနေရ Reviewed by THITHTOOLWIN on 20:17 Rating: 5

No comments:

Powered by Blogger.