ညောင်ရွှေမြို့မှာ ညဘက်ပစ်ခတ်၊ လူငယ်တစ်ဦး ခေါင်းကျည်ထိမှန်သေဆုံး

ညောင်ရွှေမြို့မှာ ညဘက်ပစ်ခတ်၊ လူငယ်တစ်ဦး ခေါင်းကျည်ထိမှန်သေဆုံး ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့မှာ စစ်ကောင်စီတပ်တွေ ပစ်ခတ်ခဲ့တာကြောင့် ခေါင်းကို ကျည်ဆံထိမှန် သေဆုံးသွားတဲ့ လူငယ်တစ်ဦး။ Photo: Citizen Journalist

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့မှာ စစ်ကောင်စီတပ်တွေ ဒီည ၉ နာရီကျော်လောက်က ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် လူငယ်တစ်ဦးခေါင်းကို ကျည်ဆံထိမှန် သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဒီကနေ့ည ၈ နာရီ သံဗုံးတီးချိန်မှာ စစ်ကောင်စီတပ်သားတွေဟာ မြို့တွင်းစားသောက်ဆိုင်တစ်ဆိုင်ကို အော်ဟစ်ဆဲဆိုပြီး အကြမ်းဖက်နေတယ်ဆိုတဲ့ သတင်းရတာကြောင့် ရပ်ကွက်နေ ပြည်သူတွေ မကျေနပ်လို့ လမ်းမပေါ်ထွက် အင်အားပြချိန်မှာ သေနတ်ပစ်ဖောက် ဖြိုခွဲခံရတာလို့ ဒေသခံက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ကိုတိုင်းချစ်(အသက် ၂၀) ဦးခေါင်းကျည်ထိမှန်ပြီး နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားပါတယ်။ နောက်ထပ်တစ်ဦးကတော့ လက်မှာ ကျည်ထိမှန်ပြီး ပြင်းထန်တဲ့ ဒဏ်ရာရထားတယ်လို့ ဒေသခံကပြောပါတယ်။

RFA က ည ၁၁ နာရီခွဲလောက်က ညောင်ရွှေမြို့ကို ဆက်သွယ်မေးမြန်းချိန်မှာ စစ်ကောင်စီတပ်သားတွေ မြို့တွင်းလှည့်လည်နေတာရှိပေမယ့် ရပ်ကွက်နေသူတွေ လူစုခွဲသွားပြီမို့ ပစ်ခတ်တာတော့ မရှိဘူးလို့ ဒေသခံကပြောပါတယ်။

ညောင်ရွှေမြို့ ဒေသခံတွေက ဒီညပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးအထိရှိကြောင်း ဒေသခံတွေက facebook မှာ ပြောဆိုနေကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/naung-swe-death-military-coup-04062021134128.html

ညောင်ရွှေမြို့မှာ ညဘက်ပစ်ခတ်၊ လူငယ်တစ်ဦး ခေါင်းကျည်ထိမှန်သေဆုံး  ညောင်ရွှေမြို့မှာ ညဘက်ပစ်ခတ်၊ လူငယ်တစ်ဦး ခေါင်းကျည်ထိမှန်သေဆုံး Reviewed by THITHTOOLWIN on 09:29 Rating: 5

No comments:

Powered by Blogger.