မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ယူကေ ပိတ်ဆို့အရေးယူ


မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)ကို ယူကေက ပိတ်ဆို့အရေးယူလိုက်တယ်လို့ ဒီကနေ့ ဧပြီ ၁ ရက်မှာ ကြေညာခဲ့ပါတယ်။

ဒီလိုအရေးယူမှု ပြုလုပ်တာဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေမှုကြောင့်လို့ ဆိုပါတယ်။

ယူကေရဲ့ အခုနောက်ဆုံး အရေးယူ ပိတ်ဆို့မှုဟာ မြန်မာတပ်မတော်ရဲ့ အဓိက ငွေကြေးအထောက်အပံ့တွေထဲက တစ်ခုကို ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ နိုင်ငံခြားရေး၀န်ကြီး ဒေါမနစ်ရပ်ဘ်က အဲဒီကြေညာချက်ထဲမှာ ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ယူကေနဲ့ အမေရိကန်တို့ဟာ မြန်မာ့စီးပွားရေးဦးပိုင်နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေ ပိတ်ဆို့တာတွေနဲ့ ခရီးသွားလာခွင့် တားမြစ်တာတွေ လုပ်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ယူကေ ပိတ်ဆို့အရေးယူ  မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ယူကေ ပိတ်ဆို့အရေးယူ Reviewed by THITHTOOLWIN on 23:04 Rating: 5

No comments:

Powered by Blogger.