ဖယ်ခုံမှာ အသစ်ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး‌နေအိမ် ပစ်ခတ်ခံရ၊မိသားစုဝင်တစ်ဦး သေဆုံး


ဧပြီ၂၈-၂၀၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ညောင်ပင်သာရပ်ကွက် အုပ်ချုပ်ရေးမှူး နေအိမ်ကို အမျိုးသား ၃ ဦး ရောက်ရှိလာပြီး အမည်တပ်ခေါ်ကာ နေအိမ်ရှေ့ထွက်လာချိန် လက်နတ်ငယ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး မိသားစုဝင်တစ်ဦးသေဆုံးကာ အုပ်ချုပ်ရေးမှူး သေနတ်ကျည်ဆံထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

" အုပ်ချုပ်ရေးမှူးအသစ်ရဲ့နေအိမ်ကို လာပစ်ခတ်သွားတာပါ။ တူဖြစ်သူသေဆုံးပြီး အုပ်ချုပ်ရေးမှူး ဒဏ်ရာရရှိခဲ့တာဖြစ်ပေမယ့် စိုးရိမ်ရတယ်၊မစိုးရိမ်ရဖူးဆိုတာ မသိရသေးဘူး"လို့ ဒေသခံတစ်ဦးက  ပြောပါတယ်။

ဖယ်ခုံမြို့ပေါ်မှာ ဧပြီလ ၁၆ ရက်နေ့ခန့်ကစတင်ပြီး လူထုလှုပ်ရှားမှု ဆန္ဒပြပွဲကြီးတွေ မပြုလုပ်နိုင်ပေမယ့် ပြောက်ကျားသပိတ်အနေနဲ့ လူငယ်အချို့ဆက်ပြီးပြုလုပ်နေကြတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။


Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews/

ဖယ်ခုံမှာ အသစ်ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး‌နေအိမ် ပစ်ခတ်ခံရ၊မိသားစုဝင်တစ်ဦး သေဆုံး ဖယ်ခုံမှာ အသစ်ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး‌နေအိမ် ပစ်ခတ်ခံရ၊မိသားစုဝင်တစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 18:42 Rating: 5

No comments:

Powered by Blogger.