ရန်ကုန်က ဈေးဝယ်စင်တာနဲ့ နေရာတချို့မှာ အသေးစားပေါက်ကွဲမှုတွေဖြစ်


ရန်ကုန်မြို့ မြန်မာပလာဇာပထမထပ်မှာ ပေါက်ကွဲမှု အသေးစား ဖြစ်ပေါ်တယ်လို့ အဲဒီမှာဈေးဆိုင် ဖွင့်လှစ်ထားသူတွေကအတည်ပြုပြောကြားပါတယ်။

ပေါက်ကွဲမှုဆိုပေမယ့် အသံသာကျယ်လောင်ပြီးလူထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။ ပေါက်ကွဲသံကတော့ အသံဗုံးလို မျိုး ပေါက်ကွဲသံဖြစ် တယ်လို့ မြန်မာပလာဇာမှာ မိုဘိုင်းဖုန်းရောင်းဝယ်ရေးဆိုင်ဖွင့်လှစ်ထားသူတစ်ဦးကပြောပါတယ်။

အလားတူ ရန်ကုန်မြို့ မြေနီကုန်းတံတားအောက် အပန်းဖြေ နေရာမှာလည်း ဒီနေ့မနက်ပိုင်းက အသံဗုံးလိုပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ အဲဒိအနီးမှာ ဈေးရောင်းချသူတွေက ဘီဘီစီကိုအတည်ပြုပါတယ်။ "လူတွေက ဒဂုံစင်တာပေါက်တယ်လို့ပြောနေတာ မဟုတ်ဘူး။ ရဲတွေ လုံခြုံရေးယူဖို့ထိုင်နေတဲ့မြေနီကုန်းတံတားအောက်က ခုံတန်းလေးတွေနားမှာ ပေါက်တာ။ သူတို့ဘာသာမှားဖောက်မိလား။ တခြားသူ လုပ်လားတော့မသိဘူး။ အသံတော်တော်ကျယ်တယ်" လို့ မြေနီကုန်းတံတားနား ပတ်ဝန်းကျင်မှာ ဈေးရောင်းချသူတစ်ဦးကပြောပါတယ်။

ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ ထဲကနေရာတချို့ နဲ့ စမ်းချောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးနားမှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့တာကို မြို့ခံတချို့က ဘီဘီစီကိုပေးပို့လာပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ရန်ကုန်က ဈေးဝယ်စင်တာနဲ့ နေရာတချို့မှာ အသေးစားပေါက်ကွဲမှုတွေဖြစ် ရန်ကုန်က ဈေးဝယ်စင်တာနဲ့ နေရာတချို့မှာ အသေးစားပေါက်ကွဲမှုတွေဖြစ် Reviewed by THITHTOOLWIN on 21:14 Rating: 5

No comments:

Powered by Blogger.