ဧည့်စာရင်းမတိုင်ရင် ဒဏ် ၃ သိန်းလို့ကြေညာ

‌ရွှေပြည်သာမြို့နယ်မှာ ဧည့်စာရင်းတိုင်နေကြစဥ်

ရန်ကုန်တိုင်း လှိုင်မြို့နယ် ၁၃ ရပ်ကွက်မှာ ဧည့်စာရင်းတိုင်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဧပြီလ ၃ ရက်နေ့က လိုက်ကြေညာနေပြီးတော့ ဧည့်စာရင်းမတိုင်ရင် တစ်ယောက်ကိုဒဏ် ၃ သိန်းချမှတ်တာခံရမယ်လို့ကြေညာသွားကြောင်း ရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။

ဧည့်စာရင်းတိုင် မတိုင် လိုက်စစ်ဖို့ရှိပြီးတော့ ရပ်ကွက်ရုံးမဖွင့်ရင် မြို့နယ်ရုံးကို လာတိုင်ကြဖို့ပြောသွားကြောင်း လည်းသူကပြောပါတယ်။

အရေးယူမှာကိုကြောက်ပြီး ဧည့်စာရင်းတိုင်ကြသူတွေရှိပြီးတော့ ဧည့်စာရင်းတိုင်တာဟာစစ်ကောင်စီကို အသိအမှတ်ပြုသလိုဖြစ်မှာကို စိုးရိမ်ကြောင်းလည်းသူကပြောပါတယ်။

စစ်ကားတွေဟာ ရပ်ကွက်ထဲတွေမှာနေရာယူထားပြီး လမ်းတွေထဲကို လိုက်လံစစ်ဆေးတာတွေညတိုင်း လုပ်လေ့ရှိတယ်လို့လည်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ဧည့်စာရင်းမတိုင်ရင် ဒဏ် ၃ သိန်းလို့ကြေညာ  ဧည့်စာရင်းမတိုင်ရင် ဒဏ် ၃ သိန်းလို့ကြေညာ Reviewed by THITHTOOLWIN on 05:40 Rating: 5

No comments:

Powered by Blogger.