ပစ်သတ်ခံရသည့်အမျီုးသားတစ်ဦးအားရွာသုဿန်၌ တိုးတိုးတိတ်တိတ်သင်္ဂြိုလ်

ဧပြီ ၉ ရက်နေ့ ပဲခူးမြင်ကွင်းတစ်ချို့

ပဲခူး ဧပြီ ၁၂ ။

ဧပြီ ၉ ရက်နေ့နံနက်ပိုင်းက ပဲခူးမြို့ဆိုရှယ်လစ် ၉ လမ်းတွင်စစ်တပ်မှပစ်ခတ်၍သေဆုံးသွားသော အသက် ၆၀ ကျော်အမျီုးသား ၁ ဦးအားနောက်နေ့ ကျေးရွာသုဿန်တွင်တိုးတိုးတိတ်တိတသင်္ဂြိုလ်ခဲ့သည်ဟု ယင်းလမ်းနေသူများကပြောကြားသည်။

နေလယ် ၁၁ နာရီလောက်က ပစ်နေတာကိုထွက်ကြည့်တာ စစ်တပ်ကမြင်သွားတော့အိမ်နောက်ဘက်မှဝင်ထိုင်နေတုန်းစစ်သား ၃ ယောက်ကဝင်ပစ်သတ်သွားတာဟု ယင်းလမ်းနေသူတစ်ဦးကဖြစ်စဉ်ကိုပြောပြသည်။

ပစ်ပြီတော့အလောင်းကိုနေရာမရွေ့နဲ့ညနေလာသယ်မယ်ဆိုပြီထားသွားတာ ညနေလာမယူတော့နောက်နေ့မနက်စောစောကိုတောင်သူစုသုဿန်မှသွားသင်္ဂြိုလ်လိုက်တာဟုနာရေးသွားခဲ့သူတစ်ဦးကပြောကြားသည်။

သေဆုံးသူ၏နာရေးအားတိုးတိုးတိတ်တိတ်ပြုလုပ်ခဲဘသည်ဟုယင်းလမ်းနေသူများကဆိုသည်။

ပဲခူးမြို့ ဧပြီ ၉ ရက်နေ့ပစ်ခတ်မှုတွင် ၃ ဦးသေဆုံးပြီ ၂၈ ဦးဖမ်းဆီးထားသည်ဟု သတင်းအရင်းအမြစ်တစ်ခုကဖော်ပြသည်။

ယင်းနေ့ပစ်ခတ်မှုတွင်သေဆုံးသူအရေအတွက်မှ သတင်းအရင်းအမြစ်ကဖော်ပြသည့်အရေအတွက်ထက်ပိုမိုများပြားသည်ဟု ပဲခူးဒေသခံများကယုံကြည်လျှက်ရှိသည်။

ပစ်ခတ်ခံရ၍သေဆုံးသူအလောင်း ၃ လောင်းပဲခူးဆေးရုံရင်ခွဲရုံသို့ရောက်ရှိလာသည်ဟု ပဲခူးဆေူရုံကအတည်ပြုသည်။

ယင်းနေ့ပစ်ခတ်ခံရ၍သေဆုံးသူ၏အလောင်များဖျောက်ဖျက်ခံရမည်ကိုပဲခူးဒေသခံများစိုးရိမ်လျှက်ရှိသည်။

သေဆုံးသူ၏ရုပ်အလောင်းရယူရန်အတွက်ငွေကြေးတောင်ခံမှုများပြုလုပ်လျှက်ရှိသည်ဟု သတင်းများထွက်ပေါ်‌နေပြီ ယင်းသတင်းအားနိုင်ငံတကာမီဒီယာများတွင်ဖော်ပြလျှက်ရှိသည်။

ဧပြီ ၉ ရက်နေ့က ပဲခူးမြို့ပစ်ခတ်မှုတွင် စစ်မြေပြင်သုံးလက်နက်များအသုံးပြု၍ပစ်ခတ်ခဲ့သည်ဟု သက်သေခံအထောက်အထားများအရသိရသည်။

ပဲခူးမြို့တွင် အရပ်သားပြည်သူများအပေါ် လက်နက်ကြီးများအသုံးပြုကြောင်း၊ ဒဏ်ရာရသူများအား ဆေးကုသမှုကိုပိတ်ပင်နေကြောင်းသတင်းများနှင့် အကြမ်းဖက်မှုများ ဆက်လက်မြင့်တက်နေမှုကို မြန်မာနိုင်ငံ ဆိုင်ရာကုလသမဂ္ဂအဖွဲ့က စောင့်ကြည့်လျက်ရှိသည်။ 

အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး ဒဏ်ရာရရှိသူများကို ဆေးကုသမှုပေးနိုင်ရေးအတွက် ကျန်းမာရေးအဖွဲ့များအားခွင့်ပြုရန် လုံခြုံရေးအဖွဲ့များကို ကုလသမဂ္ဂ‌ တောင်းဆိုထားသည်။


Bago Weekly Journal Online Page

https://www.facebook.com/bagoweeklyjournal1212

ပစ်သတ်ခံရသည့်အမျီုးသားတစ်ဦးအားရွာသုဿန်၌ တိုးတိုးတိတ်တိတ်သင်္ဂြိုလ် ပစ်သတ်ခံရသည့်အမျီုးသားတစ်ဦးအားရွာသုဿန်၌ တိုးတိုးတိတ်တိတ်သင်္ဂြိုလ် Reviewed by THITHTOOLWIN on 05:48 Rating: 5

No comments:

Powered by Blogger.