မြန်မာ့အရေး အင်ဒိုနဲ့ထိုင်းခေါင်းဆောင်နှစ်ဦး ဆွေးနွေး

အင်ဒိုနီးရှားသမ္မတ (ဝဲ) နဲ့ ထိုင်းဝန်ကြီးချုပ် (ယာ)


အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာတို့ ဧပြီလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်လို့ ကြာသပတေးနေ့မနက်ပိုင်းမှာ ဖုန်းဆက်ဆွေးနွေးခဲ့ပါတယ်။

မြန်မာပြည်တွင်းအခြေအနေဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် စိန်ခေါ်ချက်တရပ်ဖြစ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲဟာ ဖေဖော်ဝါရီလ ၁ ရက် မြန်မာစစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံခေါင်းဆောင်တွေကြား ပထမဆုံး ကျင်းပတဲ့ အစည်းအဝေးဖြစ်သလို ကိုဗစ်ကပ်ရောဂါဖြစ်ပြီးနောက်ပိုင်း တနှစ်ကျော်အတွင်း ပထမဆုံး ကျင်းပတဲ့ လူကိုယ်တိုင်တက်ရောက်တဲ့ အစည်းအဝေးဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ထာနီဆန်ရတ်က ပြောပါတယ်။

မြန်မာပြည်တွင်းအခြေအနေနဲ့ ပတ်သက်လို့ ဒီတွေ့ဆုံဆွေးနွေးပွဲကနေ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရလဒ်တွေ ထွက်ပေါ်လာဖို့ နိုင်ငံတကာရဲ့ မျှော်လင့်ချက်တွေကိုလည်း အာဆီယံနိုင်ငံတွေက သတိပြုမိတယ်လို့လည်း ဆိုပါတယ်။

ဒီဆွေးနွေးပွဲမှာ ဦးစားပေးဆွေးနွေးမယ့်အရာတွေကတော့ မြန်မာပြည်တွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ တင်းမာမှုတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတခု ရှာဖွေဖို့နဲ့ မြန်မာပြည်ရဲ့ အခြေအနေတွေကို စိုးရိမ်နေတဲ့ နိုင်ငံအားလုံးအတွက်လည်း အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေ၊ တွေ့ဆုံဆွေးနွေးပွဲတွေကနေတဆင့် ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းတွေ ထွက်လာဖို့ အခွင့်အလမ်းတစ်ခုကို ရှာဖွေဖို့ ဖြစ်တယ်လို့ မစ္စတာ ထာနီ က ပြောပါတယ်။

အာဆီယံရဲ့ စည်းလုံးညီညွတ်မှု၊ အများယုံကြည်လက်ခံမှုတွေကို ကာကွယ်ဖို့အတွက် မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ တာဝန်ဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေး ပြောခွင့်ရ ပုဂ္ဂိုလ်က အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

မြန်မာ့အရေး အင်ဒိုနဲ့ထိုင်းခေါင်းဆောင်နှစ်ဦး ဆွေးနွေး  မြန်မာ့အရေး အင်ဒိုနဲ့ထိုင်းခေါင်းဆောင်နှစ်ဦး ဆွေးနွေး Reviewed by THITHTOOLWIN on 20:55 Rating: 5

No comments:

Powered by Blogger.