စစ်ဘေးကြုံ ကရင်ရွာသားတွေကို ကူညီဖို့ ကုလ စီစဉ်

စစ်ဘေးကြုံ ကရင်ရွာသားများ (AFP PHOTO / FREE BURMA RANGERS via AFPTV)

မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းထဲကနေ လတ်တလောရက်တွေအတွင်း နေရပ်ထွက်ခွာ ထွက်ပြေးနေရတဲ့ပြည်သူ ထောင်နဲ့ချီရှိတယ်လို့ ကုလသမဂ္ဂရဲ့ သတင်းစာမျက်နှာမှာ ဧပြီလ ၇ ရက်နေ့က ဖော်ပြေထားပါတယ်။ မွန်ပြည်နယ်ထဲက ဆေးပေးခန်းတခုလည်း ပစ်ခတ်မှုတွေကြောင့် ပျက်စီးသွားတယ်လို့ ဆိုထားပါတယ်။

မြန်မာစစ်တပ်ရဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ KNU တို့ကြား တိုက်ပွဲတွေ ပေါ်ပေါက်နေပြီး မြန်မာစစ်တပ်ရဲ့ မဆင်မခြင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၇ထောင် ကျော်ရှိတယ်လို့လည်း OCHA က ပြောပါတယ်။ ၂၀၂၀ ဒီဇင်ဘာလက တည်းက ပြည်သူတွေကြား အသက်အန္တရာယ်စိုးရိမ်မှုတွေပိုတိုးလာတယ်လို့လည်း ဖော်ပြထားပါတယ်။

ခုလို နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အကူအညီတွေပေးအပ်နိုင်အောင် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR က သက်ဆိုင်ရာမိတ်ဖက်အဖွဲ့တွေနဲ့ ဆွေးနွေးနေတယ်လို့လည်း ပြောထားပါတယ်။

မြန်မာစစ်တပ်က ကျေးရွာတွေအပေါ် လကြောင်းကနေ ပါတိုက်ခိုက်ခဲ့တဲ့အတွက် မတ်လ ၂၇ ရက်နေ့က ကရင်ပြည်နယ်ကနေ ထိုင်းနိုင်ငံဖက်ထွက်ပြေးလာသူ ၃၈၄၈ ဦးရှိတယ်လို့လည်း UNOCHA ကပြောပါတယ်။ ဒုက္ခသည်အများစုက နေရပ်ပြန်သွားကြပေမယ့် ဧပြီလ ၁ ရက်နေ့ထိ ထိုင်းနိုင်ငံမှာ လက်ရှိခိုလှုံနေသူ ၁၁၆၇ ဦးရှိသေးတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံထဲက နိုင်ငံရေးအကြပ်အတည်းတွေကြောင့် အရှေ့တောင်အာရှနိုင်ငံတွေအပေါ်မှာလည်း သက်ရောက်မှုတွေရှိနေပါတယ်။ မြန်မာစစ်တပ်က အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတွေရဲ့ ရေရှည် ကျန်းမာရေးနဲ့ ပညာရေးအပြင် ကလေးငယ်တွေ အပေါ်မှာပါ သက်ရောက်မှုရှိလာမှာကိုလည်း စိုးရိမ်မှုတွေရှိနေပါတယ်။

လက်ရှိ ပေါ်ပေါက်နေတဲ့ အကြမ်းဖက်မှုတွေ အချိန်ကြာလာတာနဲ့အမ ျှ ကလေးငယ်တွေရဲ့စိတ် ဖိစီးမှုတွေ ပိုဆိုးလာနိုင်ပြီး သူတို့ရဲ့စိတ်ပိုင်၊း ရုပ်ပိုင်းအပေါ်မှာပါ သက်ရောက်မှုရှိလာလိမ့်မယ်လို့လည်း ကုလသမဂ္ဂကအဆင့်မြင့်အရာရှိတွေက ပြီးခဲ့တဲ့တပတ်ကပဲ သတိပေးထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆေးရုံနဲ့ကျန်းမာရေးဝန်ထမ်းတွေအပေါ်တိုက်ခိုက်မှုပေါင်း ၂၈ ခုထက်မနည်း ရှိခဲ့သလို ကျောင်းနဲ့ ပညာရေးဝန်ထမ်းတွေအပေါ်တိုက်ခိုက်တာက ၇ ကြိမ်ထက်မနည်းရှိတယ်လို့ ကုသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးပြောခွင့်ရသူ Stéphane Dujarric က အင်္ဂါနေ့ကပဲ နယူးယောက်မြို့သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်။

ကုန်သွယ်ကူးသန်းရောင်းဝယ်ရေးမှာ အဟန့်အတားတွေရှိနေတဲ့အတွက် မြန်မာနိုင်ငံနေရာအနှံ့မှာ ကုန်စျေးနှုန်းတွေတက်လာနေတာကြောင့် ဆင်းရဲနွွမ်းပါးလှတဲ့မိသားစုတွေစားဝတ်နေရေး ခက်ခဲလာနိုင်ခြေရှိတယ်လို့လည်း ကုလသမဂ္ဂအဖွဲ့တွေက ပြောဆိုထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-karen-refugee-un-/5844703.html

စစ်ဘေးကြုံ ကရင်ရွာသားတွေကို ကူညီဖို့ ကုလ စီစဉ် စစ်ဘေးကြုံ ကရင်ရွာသားတွေကို ကူညီဖို့ ကုလ စီစဉ် Reviewed by THITHTOOLWIN on 08:49 Rating: 5

No comments:

Powered by Blogger.