မန္တလေး အရုဏ်ဦးသပိတ် ဖြိုခွင်းခံရပြီး လေးဦး ဖမ်းဆီးသွား

မန္တလေး အရုဏ်ဦးသပိတ် ဖြိုခွင်းခံရပြီး လေးဦး ဖမ်းဆီးသွား မန္တလေး ချမ်းအေးသာစံမြို့နယ် ၇၃-၇၄ ကြား ၃၁ လမ်းမှာ ၂၀၂၁ ဧပြီ ၆ရက် မနက်က ကျန်းမာရေးမိသားစုသပိတ် ပြင်ဆင်နေချိန် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်လူစုခွဲခဲ့စဉ် / Photo: MPS

မန္တလေးမြို့မှာ စစ်အာဏာရှင်ကျဆုံးရေးအတွက် ကျန်းမာရေးဝန်ထမ်း မိသားစုတွေ စုပေါင်းပြုလုပ်တဲ့ အရုဏ်ဦးသပိတ် ဒီကနေ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ဖြိုခွဲခံရပြီး လေးဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

အသံဗုံး အသုံးပြုတာတွေရှိခဲ့ပြီး ကလေးအထူးကု ဆရာဝန်နှစ်ယောက်နဲ့ ဆန္ဒပြပြည်သူ နှစ်ယောက် စုစုပေါင်း လေးယောက်ဖမ်းဆီးခံလိုက်ရပြီး ဆိုင်ကယ်သုံးစီး ယူဆောင်သွားခံရပါတယ်။

ဒီကနေ့မနက် ဆန္ဒပြဖို့ လူစုနေတုန်းမှာ စစ်တပ်နဲ့ရဲ ရောက်လာပြီးဖြိုခွင်းတာပါ။ ဆန္ဒပြချိန်တောင် မရလိုက် ပါဘူး။ လတ်တလောမှာတော့ ထိခိုက်ဒဏ်ရာရတဲ့သူတော့ မကြားရသေးဘူးလို့ ဆန္ဒပြပွဲမှာ ပါဝင်သူ ဆရာဝန်တစ်ယောက်က ပြောပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲကို ၇၃ လမ်း၊ အောင်ဆန်းလမ်း အနီးမှာ ပြုလုပ်ဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

ကျန်းမာရေး မိသားစုနဲ့ စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒရှိသူတွေစုပေါင်းပြီး အရုဏ်ဦးသပိတ်နဲ့ ဆန္ဒပြခဲ့တာ တစ်လနီးပါး ကြာမြင့်လာပြီဖြစ်ပေမယ့် ဒီကနေ့မှာမှ ပထမဆုံးအကြိမ် ဖြိုခွင်းခံရတာဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေကို အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးတာတွေ စစ်ကောင်စီက ပြုလုပ်လာတဲ့နောက် ပြည်သူတွေဟာ အရုဏ်ဦးသပိတ်၊ နေ့ခင်းသပိတ်၊ ညသပိတ် စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆန္ဒပြနေကြတာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/mdy-dawn-protest-crackdown-04052021232007.html

မန္တလေး အရုဏ်ဦးသပိတ် ဖြိုခွင်းခံရပြီး လေးဦး ဖမ်းဆီးသွား မန္တလေး အရုဏ်ဦးသပိတ် ဖြိုခွင်းခံရပြီး လေးဦး ဖမ်းဆီးသွား Reviewed by THITHTOOLWIN on 20:15 Rating: 5

No comments:

Powered by Blogger.