မုံရွာ၊ ဧပြီ-၁၃
မုံရွာမြို့ ထန်းတောရပ်နှင့် အလယ်ရပ်ကွက်ကြား ပြည်ထောင်စုလမ်းဘေး သံလမ်းစျေးအနီးအမှိုက်ကန်တွင် အလောင်းတစ်လောင်း ယနေ့နံနက် ၈နာရီကတွေ့ကြောင်း စျေးသူစျေးသားများက ပြောသည်။
အသက်၄၀ အရွယ် အမည်၊နေရပ် မသိရသေးသော အမျိုးသားအလောင်းတွေ့ရှိရာသို့ ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
"ဘယ်သူအရင်စတွေ့မှန်းမသိဘူး။ရဲတွေလာတော့ မကြည့်ရဲကြတော့တာ "ဟု သံလမ်းစျေးအနီးနေသူက ပြောသည်။
အလောင်းတွင်ပြင်ပဒဏ်ရာအချို့တွေ့ရသည်ဟု သတင်းရရှိပြီး မုံရွာဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်စစ်ဆေးနေသည်။
Monywa Gazette
မုံရွာသံလမ်းစျေးအမှိုက်ကန်တွင် အလောင်းတွေ့
Reviewed by THITHTOOLWIN
on
20:11
Rating:
No comments:
Post a Comment