ကလေးတက္ကသိုလ်အနီး ပစ်ခတ်မှု လူငယ်တစ်ဦးကျဆုံး




မုံရွာ၊ဧပြီ- ၂

စစ်ကိုင်းတိုင်း ကလေးမြို့ ၊ကလေးတက္ကသိုလ်အနီးတွင် ယမန်နေ့ည ၉ နာရီ ခန့်က ပစ်ခတ်မှုဖြစ်ရာ လူငယ်တစ်ဦး ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာဖြင့်ကျဆုံးသည်။

ဦးခေါင်းထိမှန်ကျဆုံးသူမှာ ချင်းပြည်နယ်၊ခိုင်ကမ်းမြို့မှ အသက် ၁၈နှစ်အရွယ် မောင်ဉာဏ်လင်းထက် ဖြစ်သည်။ 

" ကလေးတက္ကသိုလ်မှာ အရင်လကတည်းက တပ်စွဲထားတာ။မနေ့ညက အဲဒီရှေ့မှာ ပစ်ခတ်မှုတွေဖြစ်ပြီး ခေါင်းထိတဲ့ကောင်လေးတစ်ယောက်သေပြီး ၃ဦး ဒဏ်ရာရတယ်။​သေတဲ့ကောင်လေးအလောင်းကို တက္ကသိုလ်မုဒ်ပေါက်မှာ ဒီနေ့မနက်ပိုင်းက လာချသွားတယ်။သူ့မိသားစုတွေကပြန်ခေါ်သွားပြီ။ဒီနေ့ညနေမှာပဲ သဂြိုလ်မှာပါ" ဟုမြို့ခံတစ်ဦးကပြောသည်။ 

မတ်လ ၃ရက်မှ ဧပြီ ၁ရက်အထိ ကလေးမြို့တွင် ကျဆုံးသောပြည်သူ ၁၁ ဦးထိ ရှိနေသည်။


Monywa Gazette

https://www.facebook.com/monywagazette

ကလေးတက္ကသိုလ်အနီး ပစ်ခတ်မှု လူငယ်တစ်ဦးကျဆုံး ကလေးတက္ကသိုလ်အနီး ပစ်ခတ်မှု လူငယ်တစ်ဦးကျဆုံး Reviewed by THITHTOOLWIN on 22:03 Rating: 5

No comments:

Powered by Blogger.