ရွှေဘိုမှာ သတင်းပေး ဆိုသူတွေကို ဓားနဲ့ခုတ်လို့ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရမှု ဖြစ်ပွား


ေရႊဘို၊ ဧၿပီ ၃၀၊ ၂၀၂၁

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် သီးလုံးကျေးရွာမှာ သတင်းပေး ဆိုသူများကို ရွာသားတချို့က ဓားနဲ့ခုတ်ရာ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိတယ်လို့ ဒေသခံတွေ ဆီက သတင်းရပါတယ်။

သီးလုံးကျေးရွာ နေသူတစ်ဦးက“ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရာကနေ စဖြစ်တာပါ၊ စစ်တပ်က ခန့်တဲ့ အုပ်ချုပ်ရေးမှူး ကို လက်မခံတာ၊ ဒါကို ကြံ့ခိုင်ရေး ပါတီနဲ့ တပ်ထောက်ခံသူတွေက စစ်တပ်ကို ဖုန်းဆက်ခေါ်တယ်၊ ရွာသားတွေကို နှိပ်စက် ခိုင်းတယ်၊ စစ်တပ် ပြန်သွားတော့ အခုလိုပြဿနာဖြစ်တာ”လို့ ပြောပါတယ်။

စစ်တပ်က သီးလုံးကျေးရွာကို ရောက်ရှိလာချိန်မှာ ဆန္ဒပြသူတွေကို ဖမ်းဆီးနှိပ်စက်ခိုင်းခြင်း၊ စစ်တပ်က ခန့်ထားတဲ့ အုပ်ချုပ်ရေးရေးမှူး လက်မခံသူတွေကို ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းတွေကို အခုလို ဓားနဲ့ ခုတ်ခံရသူတွေက လုပ်ခဲ့တာ ကြောင့် ရွာသားတွေ ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့လည်း သူက ပြောဆိုပါတယ်။

ဧပြီ ၂၉ ရက်နေ့က စစ်သားတွေ ပြန်လည် ထွက်ခွာသွားချိန်မှာတော့ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ရွာသားတွေက ရွာထဲ ပြန်ရောက်လာပြီး သတင်းပေး ဆိုသူများကို ဓားနဲ့ခုတ်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ဖြစ်စဉ်ကို ဥပဒေကြောင်းအရ အမှုဖွင့် အရေးယူခြင်းနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေမှုကို အတိအကျ မသိရှိရသေးပါ။ 

လက်ရှိ အခြေအနေမှာတော့ ဓားနဲ့ အခုတ်ခံရသူတွေကို မုံရွာဆေးရုံနဲ့ စစ်ဆေးရုံတို့မှာ ဆေးကုသ ပေးနေတယ်လို့လည်း သိရပါတယ်။




Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ရွှေဘိုမှာ သတင်းပေး ဆိုသူတွေကို ဓားနဲ့ခုတ်လို့ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရမှု ဖြစ်ပွား ရွှေဘိုမှာ သတင်းပေး ဆိုသူတွေကို ဓားနဲ့ခုတ်လို့ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 21:07 Rating: 5

No comments:

Powered by Blogger.