မုံရွာတွင် ညပိုင်း ပေါက်ကွဲမှုများဖြစ်


မုံရွာ၊ဧပြီ- ၁၃

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့ညပိုင်း ၆နာရီ ၄၀မိနစ်က  ပေါက်ကွဲမှုအသံများဖြစ်ပေါ်ကြောင်း သတင်းရင်းမြစ်များထံမှသိရသည်။

မုံရွာဂေဇက်မှသွားရောက်မေးမြန်းခြင်းနှင့် သတင်း ရင်းမြစ်များအတည်ပြုချက်အရ ဗိုလ်ချုပ်လမ်း မြန်မာ့စီးပွားရေးဘဏ်အနီးတွင် တစ်ခု၊နန္ဒဝန်ရပ် အေးရိပ်သာလမ်းတွင်တစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်လမ်း မြို့တော်ခန်းမအနီးနှင့်ကျောက္ကာလမ်း ရေကူးကန်လမ်းအနီးတို့တွင် ပေါက်ကွဲမှုများဖြစ်သည်ဟု ဒေသခံများပြောဆိုသော်လည်း မုံရွာဂေဇက်က အတည်မပြုနိုင်သေးပါ။

"အုံးခနဲ့ အကျယ်ကြီးကြားရတာ။ထိခိုက်တာတော့မတွေ့ရဘူး။မိနစ် ၂၀လောက်ကျ ရဲနဲ့စစ်ကားတွေရောက်လာတာပဲ။ လမ်းသွားလမ်းလာတချို့တော့စစ်တယ်" ဟု စီးပွားရေးဘဏ်အနီးနေသူက ပြောသည်။

ပေါက်ကွဲမှုများဖြစ်ပြီးနောက် ကျောက္ကာလမ်းနှင့် မိန်းလမ်း(ဗိုလ်ချုပ်လမ်း)တို့တွင် အသွားအလာများစစ်ဆေးနေသည်ဟုဆိုသည်။

ယနေ့နံနက် ၁၀နာရီခန့်ကလည်း ရဲနှင့်စစ်တပ် စခန်းချထားရာ ကျောက္ကာလမ်း မုံရွာတက္ကသိုလ်အနီး အသေးစားပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး ထိခိုက်သူမရှိဟု သိရသည်။

ဓာတ်ပုံ-မုံရွာမိန်းလမ်းမကြီး စီးပွားရေးဘဏ်အနီး ရဲနှင့်စစ်သားများချထားစဉ်


Monywa Gazette

https://www.facebook.com/monywagazette

မုံရွာတွင် ညပိုင်း ပေါက်ကွဲမှုများဖြစ် မုံရွာတွင် ညပိုင်း ပေါက်ကွဲမှုများဖြစ် Reviewed by THITHTOOLWIN on 20:13 Rating: 5

No comments:

Powered by Blogger.