အာဆီယံထိပ်သီးဆွေးနွေးပွဲ ဘယ်သူတွေ တက်မလဲ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂၀၁၉ ခုနှစ်က ပြုလုပ်တဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ


မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအခြေအနေတွေကို အဖြေရှာဖို့အတွက် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ စနေနေ့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို ဖိလစ်ပိုင်သမ္မတ ရိုဒရီကို ဒူတာတေးတက်ရောက်မှာ မဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးကိုသာ စေလွှတ်မယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုပါတယ်။

မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးရမယ့် အရေးပေါ် အစည်းအဝေးဖြစ်တာကြောင့် သမ္မတ ဒူတာတေး မတက်ရောက်တာ ဖြစ်တယ်လို့ ဆိုပေမယ့် ဒါနဲ့ပတ်သက်လို့ အသေးစိတ်တော့ ပြောမသွားခဲ့ပါဘူး။ ကိုဗစ်အရေး အာရုံစိုက်လုပ်ဆောင်ဖို့ ရှိတယ်လို့တော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာကလည်း ဒီအစည်းအဝေးကို တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပြီး ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားသူလည်း ဖြစ်တဲ့ ဒွန် ပရာမာဝီနိမ်းပဲ တက်ရောက်မှာ ဖြစ်ပါတယ်။


ဒီအရေးပေါ်အစည်းအဝေးကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဘရူးနိုင်းနိုင်ငံရဲ့ ဘုရင် ဟာဆင်နယ် ဘိုကီးရားက ကမကထလုပ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်းချင်လည်း ကိုယ်တိုင်တက်ရောက်မယ်လို့ ပြောဆိုထားပေမယ့် စင်္ကာပူ၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံတွေကတော့ နိုင်ငံ့ခေါင်းဆောင်တွေကိုယ်တိုင် တက်ရောက်ဖို့ ရှိမရှိဆိုတာ ထုတ်ဖော်ပြောဆိုထားတာ မတွေ့ရသေးပါဘူး။

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း ဒီထိပ်သီးအစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်မယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားပြီး ဂျပန်အခြေစိုက် ကျိုတိုသတင်းမှာ ရေးထားပါတယ်။

စစ်ကောင်စီအကြီးအကဲကို အာဆီယံဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်ကြားတာဟာ အာဏာသိမ်းစစ်တပ်ကို တရားဝင်မှုပေးတဲ့သဘော သက်ရောက်နိုင်တာကြောင့် ဒီဖိတ်ကြားမှုကို ချက်ချင်းရုပ်သိမ်းဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကလည်း တိုက်တွန်းထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

အာဆီယံထိပ်သီးဆွေးနွေးပွဲ ဘယ်သူတွေ တက်မလဲ  အာဆီယံထိပ်သီးဆွေးနွေးပွဲ ဘယ်သူတွေ တက်မလဲ Reviewed by THITHTOOLWIN on 20:53 Rating: 5

No comments:

Powered by Blogger.