လွိုင်ကော်မှာ ဖမ်းဆီးခံရတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦး သေဆုံး

ဧပြီ ၆-၂၀၂၁

ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ မနေ့ ဧပြီ ၅ရက် မနက်က ဆန္ဒပြသူ၁၉ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတဲ့အထဲက အသက် ၅၀ အရွယ် အမျိုးသားကြီးတစ်ဦး ဒီနေ့ ဧပြီ ၆ ရက် မနက် အစောပိုင်းကသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

“သေဆုံးသူက ဖမ်းဆီးခံရစဉ်  ရာဘာကျည်ဆန် ထိမှန်ထားတယ်။ မနေ့ည၉ နာရီလောက်က အဖမ်းခံထားရသူတွေထဲက အချို့ပြန်လွတ်လာချိန်သူလည်းပါတယ်။ကနေ့ မနက် ၅ နာရီလောက်မှာဆုံးသွားတာပါ”လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

မနေ့က မနက် ၇ နာရီကျော်လောက်က စတင်ပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ‌ဒေါဥခူရပ်ကွက်က သပိတ်စစ်ကြောင်းတွေလူစုခွဲချိန် စစ်တပ်နဲ့ရဲက ရပ်ကွက်တွေထဲအထိဝင်ရောက်ဖမ်းဆီးခဲ့တဲ့အပြင် မိုင်းလုံးရထားသံလမ်းအနီးမှာလည်း ခရီးသွားပြည်သူအချို့ကို စစ်ဆေးဖမ်းဆီးမှုတွေလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ 

သေဆုံးသူ အမျိုးသားဟာ လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက် ၊ အုန်းတောလမ်းနဲ့စနေသင်းဘုးရားကျောင်းအနီး နေထိုင်သူဖြစ်ပြီး ဒေါဥခူရပ်ကွက်၊သပိတ်စစ်ကြောင်း လူစုခွဲ‌နေချိန် ရာဘာကျည်နဲ့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။


KLY(VOM)

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

လွိုင်ကော်မှာ ဖမ်းဆီးခံရတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦး သေဆုံး လွိုင်ကော်မှာ ဖမ်းဆီးခံရတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦး သေဆုံး Reviewed by THITHTOOLWIN on 19:39 Rating: 5

No comments:

Powered by Blogger.