တရုတ်ရောက် အာဆီယမ်နိုင်ငံခြားရေးဝန်ကြီးများ



(၃၁/၃/၂၀၂၁)

အာဆီယမ်အဖွဲ့ဝင်(၄) နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ တရုတ်နိုင်ငံကို ဒီကနေ့ရောက်လာပါတယ်။ အင်ဒိုနီးရှား မလေးရှား စင်ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အဓိကထားဆွေးနွေးဖို့ဖြစ်ပါတယ်။ 

အာဆီယမ်ထိပ်သီးညီလာခံအမြန်ခေါ်ဖို့နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေရပ်ဆိုင်းဖို့ တရုတ်ရဲ့ သဘောထားကို လာရောက်ဆွေးနွေးတိုင်ပင်တာဖြစ်သလို အဓိကအာဆီယမ် (၄) နိုင်ငံရဲ့သဘောထားကို ချပြတာလို့ သံတမန်တချို့က ပြောပါတယ်။ တရုတ်ကို မလာခင်မှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယမ်ကိုယ်စား ဂျပန်နိုင်ငံကို သွားရောက်ဆွေးနွေးခဲ့ပါသေးတယ်။ 

အာဆီယမ်ဝန်ကြီးတွေဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ စနေနေ့အထိ ဆွေးနွေးဖို့ရှိနေပြီး စနေနေ့မှာ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးကလည်း တရုတ်ကို လာပြီး မြန်မာပြည်အရေးအဓိကထားဆွေးနွေးဖို့ရှိနေတယ်လို့ သံတမန်အသိုင်းအဝိုင်းကပြောပါတယ်။ အဲဒီဆွေးနွေးပွဲတွေပြီးရင် အာဆီယမ်ထိပ်သီးဆွေးနွေးပွဲကျင်းပနိုငိမယ်လို့မျှော်လင့်ကြောင်းလည်း သံတမန်တွေက သုံးသပ်ပါတယ်။ 

မြန်မာ့အရေးဟာ ပိုရှုပ်ထွေးလာသလို အနောက်နိုင်ငံတွေက ဝင်ရောက်လာမဲ့အနေအထား များနေတဲ့အပေါ် တရုတ်ရော အာဆီယမ်နိုင်ငံတွေကပါစိုးရိမ်နေတယ်လို့လည်း သူတို့ကပြောပါတယ်။  

ပြည်တွင်းရေးဝင်မစွက်ဖက်ရေးဆိုတဲ့ အခြေခံမှုတွေကို ပြနလည်သုံးသပ်ပြီး မြန်မာ့ပြည်တွင်းရေးကို အာဆီယမ်က မဖြစ်မနေဝင်စွက်ဖက်ရတော့မဲ့အခြေအနေဆိုက်လာပြီလို့လည်း အာဆီယမ်အရေးကျွမ်းကျင်သူတွေက ပြောကြပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

တရုတ်ရောက် အာဆီယမ်နိုင်ငံခြားရေးဝန်ကြီးများ တရုတ်ရောက် အာဆီယမ်နိုင်ငံခြားရေးဝန်ကြီးများ Reviewed by THITHTOOLWIN on 06:13 Rating: 5

No comments:

Powered by Blogger.