စစ်ကောင်စီတပ်သားတွေ ရိုက်နှက်ဖမ်းဆီး သွားတဲ့ တောင်ကြီးမြို့ခံ သေဆုံး



Share/Bookmark

စစ်ကောင်စီတပ်သားတွေ ရိုက်နှက်ဖမ်းဆီး သွားတဲ့ တောင်ကြီးမြို့ခံ သေဆုံး တောင်ကြီးမြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းထားစဉ်မှာ သေဆုံးခဲ့တဲ့ ကိုအောင်ပိုင်ထွေး။ Photo: Citizen Journalist

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ရိုက်နှက်ဖမ်းဆီးသွားတဲ့ ကိုအောင်ပိုင်ထွေး (၃၀ နှစ်)ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်မှာ သေဆုံးသွားပါတယ်။

ဧပြီလ ၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး နှစ်ရက်အကြာ ဒီနေ့မှာ မိသားစုတွေကို အလောင်းလာထုတ်ဖို့ စစ်တပ်က အကြောင်းကြားခဲ့တယ်လို့ ရှမ်းပြည်အခြေစိုက် ကမ္ဘောဇတိုင်း သတင်းမှာ ရေးသားဖော်ပြပါတယ်။

မိသားစုက ပြန်ရတဲ့ ကိုအောင်ပိုင်ထွေးရဲ့ ရုပ်အလောင်းကို စစ်ကောင်စီက ခွဲစိတ်ထားတာကိုလည်း မိသားစုက တွေ့ခဲ့ရပါတယ်။

ကိုအောင်ပိုင်ထွေးဟာ ဧပြီလ ၄ ရက်နေ့ညက တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်နေတာကြောင့် ရပ်ကွက်နေသူတွေက ဝိုင်းဝန်း မီးငြှိမ်းသတ်ပေးနေချိန်မှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ရိုက်နှက်ဖမ်းဆီးခံခဲ့ရတာပါ။


RFA Burmese

https://www.rfa.org/burmese/news/taunggyi-military-coup-04062021124114.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ