စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ သြစတေးလျနိုင်ငံသားနှစ်ဦး လွတ်မြောက်

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ သြစတေးလျနိုင်ငံသားနှစ်ဦး လွတ်မြောက် Matthew O’Kane နဲ့ Christa Avery / Photo-CJ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံထားရတဲ့ သြစတြေးလျနိုင်ငံသား နှစ်ဦးကို ဒီနေ့လွှတ်ပေးလိုက်ပြီးလို့ ရိုက်တာ သတင်းကဖော်ပြပါတယ်။

Matthew O’Kane နဲ့ Christa Avery တို့ နှစ်ဦးကို ဘာအမှုနဲ့မှ တရားစွဲဆိုခြင်းမရှိဘဲ မြန်မာ နိုင်ငံကနေ ထွက်ခွာခွင့်ပြုလိုက်ပြီလို့ သတင်းမှာဖော်ပြပါတယ်။

သူတို့နှစ်ဦးဟာ ရန်ကုန်မြို့မှာ စီးပွားရေးအကြံပေးလုပ်ငန်းကို လုပ်နေကြသူတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် မတည်မငြိမ်ဖြစ်နေတာကြောင့် မတ်လ ၁၉ ရက်နေ့က ကိုယ့်နိုင်ငံကိုယ်ပြန်ဖို့လုပ်နေချိန် လေဆိပ်မှာ စစ်ကောင်စီတပ်သားတွေက သူတို့ကို ဖမ်းလိုက်တာဖြစ်ပြီး နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခဲ့တာပါ။

ဖမ်းဆီးထိန်းသိမ်းထားပြီး တစ်လအကြာ ဒီနေ့မှာ ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံခဲ့ရတဲ့ သြစတြေးလျ နိုင်ငံသား သုံးယောက်ရှိပြီး တစ်ယောက်ကတော့ ခုထိ ဖမ်းဆီးခံထားရဆဲပါ။

သူကတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell ပဲဖြစ်ပါတယ်။

Sean Turnell ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ နဲ့ တရားစွဲထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က RFA ကို အတည်ပြုပြောထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/two-austrians-freed-myanmar-military-coup-04042021131047.html

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ သြစတေးလျနိုင်ငံသားနှစ်ဦး လွတ်မြောက်  စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ သြစတေးလျနိုင်ငံသားနှစ်ဦး လွတ်မြောက် Reviewed by THITHTOOLWIN on 05:41 Rating: 5

No comments:

Powered by Blogger.