နယူးဂျာစီက နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲ ဒေါ်လာ တသိန်းကျော် ရရှိ


CRPH၊ CDM နဲ့စစ်ဘေးဒုက္ခသည်တွေအတွက် ခွဲဝေလှူဒါန်းမယ့် ရန်ပုံငွေ ဈေးပွဲတော်ကို လောကချမ်းသာ စေတီတော်တည်ရှိရာ အမေရိကန်ပြည်ထောင်စု နယူးဂျာစီမှာ စနေနေ့က ကျင်းပခဲ့ပါတယ်။ 

ဒီပွဲကို CRPH ကဖွဲ့စည်းလိုက်တဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း မိသားစုနဲ့အတူ တက်ရောက်အားပေးခဲ့ပါတယ်။

စေတနာ့ဝန်ထမ်း ဈေးရောင်းကြတဲ့ဆိုင်ပေါင်း ၅၃ ခုရှိပြီး မြန်မာအစားအစာ အမျိုးပေါင်း ၈၀ ကျော် ရောင်းချ ခဲ့ကြပါတယ်။ 

အရင်းရော၊ အမြတ်ပါ ဝိုင်းဝန်းလှူဒါန်းခဲ့ကြတဲ့အတွက် အလှူငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၈, ၃၃၆ တသိန်းကျော်ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။  နယူးရောက်၊ နယူးဂျာစီနဲ့ အနီးအနားပြည်တွေက လာရောက်အားပေးကြတယ်လို့လည်း ဆိုပါတယ်။ 

VOA Burmese News



နယူးဂျာစီက နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲ ဒေါ်လာ တသိန်းကျော် ရရှိ နယူးဂျာစီက နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲ ဒေါ်လာ တသိန်းကျော် ရရှိ Reviewed by THITHTOOLWIN on 21:49 Rating: 5

No comments:

Powered by Blogger.