ထားဝယ်မြို့နယ် အတွင်းက ရပ်ကျေး အုပ်ချုပ်ရေးမှူးဟောင်း၂၀ ကျော် ထိန်းသိမ်းခံရ


ထားဝယ်၊ ဧပြီ ၃၀၊ ၂၀၂၁

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ထဲက ရပ်ကျေး အုပ်ချုပ်ရေးမှူးဟောင်း၂၀ ကျော် ဧပြီ ၂၉ ရက်နေ့ ည‌နေပိုင်းက စတင်ပြီး မြို့မရဲစခန်း ဓမ္မာရုံကို တဦးချင်း ခေါ်ယူ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေဆီက စုံစမ်း သိရှိရပါတယ်။

ဒေသခံ ၁ ဦးက“ထားဝယ်မှာ ဆန္ဒပြပွဲတွေလည်း ဆက်ရှိနေတုန်းပဲ။ ရပ်ကျေး အုပ်ချုပ်ရေးမှူးဟောင်း တချို့ကတော့ ကြို တိမ်းရှောင်နေကြလို့ မပါဘူး။ ကျန်တဲ့လ ူ၂၀ ကျော်ကို ထားဝယ် မြို့မရဲစခန်းမှာ ထည့်ထားတယ်”လို့ ပြောပါတယ်။

လက်တလောမှာ ထိန်းသိမ်းခံထားရတဲ့ ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းတွေကို မြို့မရဲစခန်း ဓမ္မာရုံမှာ ထားရှိ ပေမယ့်လည်း စစ်ဆေးမေးမြန်းခြင်းနဲ့ ပုဒ်မတပ် တရားစွဲဆိုတာမျိုး မလုပ်ထားဘူးလို့ ဒေသခံတချို့က ဆိုပါတယ်။

တနင်္သာရီတိုင်းအတွင်းက တခြား မြို့နယ်တချို့မှာလည်း ရပ်ကျေး အုပ်ချုပ်ရေးမှူးဟောင်းတချို့ထိန်းသိမ်းခံထားရတယ်လို့ လည်း သိရှိရပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ထားဝယ်မြို့နယ် အတွင်းက ရပ်ကျေး အုပ်ချုပ်ရေးမှူးဟောင်း၂၀ ကျော် ထိန်းသိမ်းခံရ ထားဝယ်မြို့နယ် အတွင်းက ရပ်ကျေး အုပ်ချုပ်ရေးမှူးဟောင်း၂၀ ကျော် ထိန်းသိမ်းခံရ Reviewed by THITHTOOLWIN on 21:08 Rating: 5

No comments:

Powered by Blogger.