အာဆီယံကလာရောက်လိုတဲ့ခရီးစဥ်တွေ ပြည်တွင်းတည်ငြိမ်မှုရှိမှသာခွင့်ပြုမယ်လို့ စစ်ကောင်စီပြော



တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းတည်ငြိမ်မှုကို ဦးစားပေးပြီးဆောင်ရွက်နေရတာကြောင့် ပြည်တွင်းတည်ငြိမ်မှုပေါ်မူတည်ပြီးမှသာ အာဆီယံက အဆိုပြုတဲ့ မြန်မာနိုင်ငံကို လာရောက်လိုတဲ့ ခရီးစဥ်တွေကို စဥ်းစားသွားမှာဖြစ်တယ်လို့ ‌ပြန်လည်ဆွေးနွေးခဲ့တယ်လို့ အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့က ကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ အခုလိုပြောသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အာဆီယံ နိုင်ငံခေါင်းဆောင်များအစည်းဝေးက မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေ ပါရှိပြီး ပြည်တွင်းအခြေအနေနဲ့ ဆက်စပ်ပြီးစဥ်းစားသွားမှာဖြစ်တယ်လို့ ပြန်လည်ဆွေးနွေး ခဲ့ကြောင်း အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

ဒီလို အကြံပြုချက်တွေကို စဥ်းစားရာမှာ အာဆီယံ ချာတာ အာဆီယံနည်းလမ်းကို အခြေခံမယ်ဆိုပါက နိုင်ငံကောင်းကျိုးအတွက် လက်ခံ စဥ်းစားပေးမှာဖြစ်တယ်လို့လည်း သူကပြောကြားခဲ့ပါတယ်။

အာဆီယံ အဖွဲ့ကြီးဟာ တစ်နိုင်ငံရဲ့ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ရေးနဲ့ အဖွဲ့ဝင်အားလုံးသဘောတူမှ ဆုံးဖြတ်ချက်ချရမယ်လို့ သတ်မှတ်ထားပါတယ်။

အာဆီယံ နိုင်ငံခေါင်းဆောင်များအစည်းဝေးမှာ မြန်မာနိုင်ငံက ၂၀၂၀ ရွေးကောက်ပွဲ မဲမသာမှုတွေကိုလည်း အစည်းအဝေးမှာ ရှင်းလင်းပြောကြားခဲ့တယ်လို့လည်းပြောသွားခဲ့ပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမှာကိုလည်း ထည့်သွင်းပြောသွားခဲကြောင်းလည်းစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်မြင်သံကြားကကြေညာသွားခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

အာဆီယံကလာရောက်လိုတဲ့ခရီးစဥ်တွေ ပြည်တွင်းတည်ငြိမ်မှုရှိမှသာခွင့်ပြုမယ်လို့ စစ်ကောင်စီပြော အာဆီယံကလာရောက်လိုတဲ့ခရီးစဥ်တွေ ပြည်တွင်းတည်ငြိမ်မှုရှိမှသာခွင့်ပြုမယ်လို့ စစ်ကောင်စီပြော Reviewed by THITHTOOLWIN on 07:17 Rating: 5

No comments:

Powered by Blogger.