မန္တလေးက ဘာသာပေါင်းစုံ စုပေါင်းအလှူ

 မန္တလေးက ဘာသာပေါင်းစုံ စုပေါင်းအလှူ

မန္တလေးမြို့မှာတော့ သံဃာတော်တွေ၊ စိန့်ဂျိုးဇတ် ကတ်သလစ် သီလရှင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဟိန္ဒူဘာသာဝင်တွေ စုပေါင်း ပြီး ဘာသာပေါင်းစုံ အလှူကို ဒီနေ့ပြုလုပ်သွားပါတယ်။

မန္တလေးမြို့တွင်း ကျုးကျော် ရပ်ကွက်မှာနေထိုင်သူတွေကို အခြေခံစားသောက်ကုန်တွေလှူကြတာဖြစ်ပါတယ်။ စီးပွားရေးကျပ်တည်းတဲ့အိမ်ထောင်စုပေါင်း ၃၀၀ ကို ဆန်၊ဆီ၊အာလူး ကြက်သွန် အခြေခံစားသောက်ကုန်တွေ ဝေငှလှူဒါန်းတာပါ။

ဒါဟာ စစ်အာဏာသိမ်းမှုအပြီး ဘာသာပေါင်းစုံရဲ့ မန္တလေးမြို့တွင်း တတိယအကြိမ်လှူဒါန်းမှုလည်းဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

မန္တလေးက ဘာသာပေါင်းစုံ စုပေါင်းအလှူ  မန္တလေးက ဘာသာပေါင်းစုံ စုပေါင်းအလှူ Reviewed by THITHTOOLWIN on 23:59 Rating: 5

No comments:

Powered by Blogger.