စစ်အာဏာသိမ်း အခြေအနေ၊ တိုင်းပြည် မငြိမ်မသက်ဖြစ်ခြင်းနဲ့ စစ်ကောင်စီတပ်တွေရဲ့ ဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို စစ်ဘေးရှောင်ရသူတွေ များလာပြီး၊ သူတို့တတွေနဲ့ ပတ်သက်လို့ အိန္ဒိယ ဗဟိုအစိုးရက တိကျရှင်းလင်းတဲ့ လမ်းညွှန်မှု မပေးသေးဘူ


စစ်အာဏာသိမ်း အခြေအနေ၊  တိုင်းပြည် မငြိမ်မသက်ဖြစ်ခြင်းနဲ့ စစ်ကောင်စီတပ်တွေရဲ့ ဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို စစ်ဘေးရှောင်ရသူတွေ များလာပြီး၊ သူတို့တတွေနဲ့ ပတ်သက်လို့ အိန္ဒိယ ဗဟိုအစိုးရက တိကျရှင်းလင်းတဲ့ လမ်းညွှန်မှု မပေးသေးဘူးလို့ သိရပါတယ်။

အိန္ဒိယဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး 'မီးစတဖက်၊ ရေမှုတ်တဖက် မူဝါဒ' ကို အသုံးပြုနေပြီး၊ စစ်ကောင်စီရဲ့ တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ အနည်းငယ်သော ၈ နိုင်ငံမှာလည်း ပါဝင်ခဲ့ပါတယ်။ ထိုနည်းတူစွာ အစောပိုင်းမှာလည်း မြန်မာနိုင်ငံနဲ့ အနီးဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက် ပြည်နယ် ၄ ခုကိုလည်း စစ်ဘေးရှောင်တွေကို မကူညီဖို့ တားမြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုရမ်းထန်ငါက မြန်မာစစ်ဘေးရှောင်တွေကို မျက်စိစုံမှိတ်ပြီး ပစ်မထားနိုင်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံက ချင်းလူမျိုးတွေဟာ တအူတုံဆင်း လူမျိုးတူ (Same Ancestry) ဖြစ်ကြောင်း အစရှိတဲ့ အကြောင်းအရာတွေ ပါဝင်တဲ့ ဝန်ကြီးချုပ် မိုဒီထံ ပေးစာကို မတ်လ ၁၈မှာ ရေးသားခဲ့ပါတယ်။

အဲ့ဒီစာနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် မိုဒီဘက်ကနေ ပြန်ကြားမှု တစုံတရာမရှိသလို၊ မြန်မာစစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတိကျတဲ့ လမ်းညွှန်မှု ယခုထိ ချပေးတာ မရှိသေးဘူးလို့လည်း သိရပါတယ်။

Mizoram CM Pu Zoramthangaနဲ့ ပြည်သူများရဲ့ တက်ကြွစွာရပ်တည်ပေးမှုတွေကြောင့် အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက လတ်တလောအနေနဲ့ မြန်မာ ဒုက္ခသည်တွေကို လက်ခံကူညီဖို့ကို CM Pu Zoramthang ထံ တယ်လီဖုန်းနဲ့တဆင့် ပြောဆိုလာမှုမျိုးတော့ ရှိခဲ့ပါတယ်။

ချင်းလူမျိုးတွေဟာ ဗြိတိသျှတို့ရဲ့ အသိမ်းပိုက်မခံရခင်က သီးခြားလွတ်လပ်တဲ့ လူမျိုးဖြစ်ပြီး၊ မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံ ဘုရင်ခံချုပ်က တိုက်ရိုက်အုပ်ချုပ်မှုကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီးနောက်ပိုင်းမှာ Myanmar, India နဲ့ Bangladesh နိုင်ငံ ၃ ခုကို ပိုင်းခြားခြင်း ခံခဲ့ရပါတယ်။


Chin World

https://www.facebook.com/Chin-World-167011980026853

စစ်အာဏာသိမ်း အခြေအနေ၊ တိုင်းပြည် မငြိမ်မသက်ဖြစ်ခြင်းနဲ့ စစ်ကောင်စီတပ်တွေရဲ့ ဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို စစ်ဘေးရှောင်ရသူတွေ များလာပြီး၊ သူတို့တတွေနဲ့ ပတ်သက်လို့ အိန္ဒိယ ဗဟိုအစိုးရက တိကျရှင်းလင်းတဲ့ လမ်းညွှန်မှု မပေးသေးဘူ စစ်အာဏာသိမ်း အခြေအနေ၊  တိုင်းပြည် မငြိမ်မသက်ဖြစ်ခြင်းနဲ့ စစ်ကောင်စီတပ်တွေရဲ့ ဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို စစ်ဘေးရှောင်ရသူတွေ များလာပြီး၊ သူတို့တတွေနဲ့ ပတ်သက်လို့ အိန္ဒိယ ဗဟိုအစိုးရက တိကျရှင်းလင်းတဲ့ လမ်းညွှန်မှု မပေးသေးဘူ Reviewed by THITHTOOLWIN on 20:02 Rating: 5

No comments:

Powered by Blogger.