နေရပ်ပြန်မယ့် မြန်မာအလုပ်သမားတွေကို ဖမ်းဆီးလို့ ထိုင်းစက်ရုံကို ဆန္ဒပြ



Share/Bookmark
နေရပ်ပြန်မယ့် မြန်မာအလုပ်သမားတွေကို ဖမ်းဆီးလို့ ထိုင်းစက်ရုံကို ဆန္ဒပြ ထိုင်းနိုင်ငံ ပင်လယ်စာစျေးမှ မြန်မာအလုပ်သမားများကို ၂၀၁၈ စက်တင်ဘာ ၂၀ရက်နေ့က တွေ့ရစဉ် /Photo: AFP

ထိုင်းနိုင်ငံ ဆောင်ခလခရိုင်က ပင်လယ်စာ စက်ရုံတစ်ရုံမှာ မြန်မာအလုပ်သမား တစ်ထောင်လောက်က ဆန္ဒပြခဲ့ကြပါတယ်။

အင်္ဂါနေ့ ညက မြန်မာအလုပ်သမား ၂၀ကို ရဲက ဖမ်းဆီးခဲ့တဲ့အတွက် ဆန္ဒပြကြတာလို့ သိရပါတယ်။

အလုပ်ရှင်နဲ့ အလုပ်သမားကြား နားလည်မှုလွဲမှားလို့ ဖြစ်ရတဲ့ ပြဿနာလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်နေကြတဲ့ ဆန္ဒပြလူထုကို စစ်အစိုးရက အကြမ်းဖက် နေတဲ့အတွက် မြန်မာနိုင်ငံကို ပြန်ကြဖို့ စီစဉ်နေတဲ့ မြန်မာအလုပ်သမားတွေနဲ့ အလုပ်ရှင်တွေကြား ပြဿနာ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

ဒီအတွင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ထိုင်း-မြန်မာ နယ်စပ်တစ်လျှေက်က မြန်မာ ဒုက္ခသည်တွေကို လူသားချင်းစာနာရေး အကူအညီတွေ ဆောင်ရွက်ပေးထားကြောင်း ပြောလိုက် ပါတယ်။ 


RFA Burmese

https://www.rfa.org/burmese/news/myanmar-migrant-workers-in-thai-04082021085957.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ