မြန်မာပြည်သူတွေကို မေ့မထားဘဲ ဆုတောင်းပေးနေတယ်လို့ အင်္ဂလီကန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ပြော

မြန်မာပြည်သူတွေကို မေ့မထားဘဲ ဆုတောင်းပေးနေတယ်လို့ အင်္ဂလီကန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ပြော

ခရစ်ယာန်တွေရဲ့ အထွတ်အမြတ်ထားရာနေ့ ဖြစ်တဲ့ ယေရှုခရစ် ရှင်သန်ထမြောက်တဲ့ အထိမ်းအမှတ် အီစတာပွဲတော်ကာလကို ကမ္ဘာတဝန်း ကျင်းပ ဆင်နွှဲနေချိန်မှာ မြန်မာပြည်ကြီးနဲ့ မြန်မာပြည်သူတွေ အတွက်လည်း အချိန်ပေး ဆုတောင်းပေးကြဖို့ ခရစ်ယာန်ဘာသာဝင်တွေကို အင်္ဂလီကန် ခရစ်ယာန်အသင်းတော် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဂျိုဆိုင်းယား အီဒိုဝူ ဖယ်ရွန်က ပန်ကြားလိုက်ပါတယ်။

ဆုတောင်း မေတ္တာစာ တပိုဒ်နဲ့အတူ မြန်မာပြည်သူတွေကို ဦးတည်ပြောထားတဲ့ ဘုန်းတော်ကြီး အီဒိုဝူ ဖယ်ရွန်ရဲ့ သတင်းစကားထဲမှာလည်း “မြန်မာပြည်သူတွေကို ပြောချင်တာက သင်တို့ဟာ အထီးကျန် မဟုတ်ပါဘူး။ သင်တို့ကို မေ့ထား၊ ဖယ်ကျဉ်ထားတာ မဟုတ်ပါဘူး။ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေကို ကမ္ဘာက စောင့်ကြည့်နေပါတယ်။ ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးနိုင်မယ့် ရေရှည်ဖြေရှင်းနည်း တစ်ခု ရနိုင်ရေးကို ဆုတောင်းပေးနေကြပါတယ်” လို့ ပြောခဲ့ကြောင်း အင်္ဂလီကန် ခရစ်ယာန် အသင်းတော်ရဲ့ ဝက်ဆိုက် စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

မြန်မာပြည်သူတွေကို မေ့မထားဘဲ ဆုတောင်းပေးနေတယ်လို့ အင်္ဂလီကန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ပြော မြန်မာပြည်သူတွေကို မေ့မထားဘဲ ဆုတောင်းပေးနေတယ်လို့ အင်္ဂလီကန် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ပြော Reviewed by THITHTOOLWIN on 08:47 Rating: 5

No comments:

Powered by Blogger.