ဟုမ္မလင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးသစ် ပစ်သတ်ခံရ


ဟုမ္မလင်း၊ဧပြီ-၁၅

စစ်ကိုင်းတိုင်း ဟုမ္မဟင်းမြို့နယ် ဟဲခမ်းရွာအုပ်စု သဖန်းကုန်းရွာ၌ အသစ်ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူး ဦးဥက္ကာ( ၃၉ နှစ်)မှာ သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

 ယမန်နေ့ (ဧပြီ-၁၄)နံနက် ၈ နာရီခန့်က ၎င်းနေအိမ်ရှေ့တွင် မျက်နှာဖုံးစွပ်ထားသော လက်နက်ကိုင် ၄ ဦးက လာရောက်ပစ်ခတ်သွားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးအသစ်သည် သေနတ်ဒဏ်ရာ ၁၇ ချက်ထိမှန်ပြီး နေရာတွင်ပင် သေဆုံးသွားဟု တာဝန်ရှိသူများက အတည်ပြုသည်။

"မျက်နှာဖုံးတွေလည်း စွပ်ထားတယ်၊ဆိုင်ကယ် သုံးစီးနဲ့ရောက်လာတာ၊ သေနတ်အတို တယောက်တလက်နဲ့  ပစ်သတ်သွားကြတာ"ဟုဒေသခံတစ်ဦးကပြောသည်။

ပစ်ခတ်သွားသူ ၄ ဦးအား ဟုမ္မလင်းမြို့မရဲစခန်းတွင် အမှုဖွင့် စုံစမ်းနေသည်။

သဖန်းကုန်းရွာသည် ဟုမ္မလင်းမြို့နှင့် ၁၈မိုင်ကွာဝေးသည်။


Monywa Gazette

https://www.facebook.com/monywagazette/

ဟုမ္မလင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးသစ် ပစ်သတ်ခံရ ဟုမ္မလင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးသစ် ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 20:11 Rating: 5

No comments:

Powered by Blogger.