အလောင်းတော်ကဿပတောင်ခြေက ရွာတွေမှာ ရွာသားတချို့ ပျောက်ဆုံးနေ


ဧပြီ ၂၁ ၊ ၂၀၂၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်အကြား အလောင်းတော်ကဿပတောင်ခြေမှာရှိတဲ့ ရွာတွေထဲကို ဧပြီ ၂၀ မနေ့ညပိုင်းကစလို့ ရဲနဲ့စစ်သားတွေ ဝင်ရောက်လာပြီးနောက်ပိုင်း ရွာသားတချို့ ပျောက်ဆုံးနေတယ်လို့ ယင်းမာပင်မြို့ခံတွေဆီကနေ သိရပါတယ်။


ယင်းမာပင်မြို့နယ်၊ ကပိုင်စံပြကျေးရွာခံတစ်ဦးက " လုံခြုံရေးတပ်ဖွဲ့တွေက တူမီးသေနတ်နဲ့ ပတ်သက်လို့ ရှာတာတွေရှိတယ်၊ ဝင်းကုန်းရွာက အေးအေးဆေးဆေး အရှာခံတော့ ဘာပြဿနာမတတ်ဘူး ၊ ပစ်တာ ခတ်တာလဲမရှိဘူး ၊ ကပိုင်ရွာကြတော့ လုံခြုံရေးအဖွဲ့ကို ရွာအဝင်မခံဘူးဆိုပြီး သစ်ရာပင်ရွာနဲ့ သီးကုန်းရွာကြားမှာရှိတဲ့ ကျစ်တီးချောင်းနားကနေ တူမီးသေနတ်တွေနဲ့ ခုခံပစ်ခတ်တာတွေရှိတယ် ၊ အဲ့ဒီမှာ စစ်တပ်ဘက်က ပြန်ပစ်တော့ ထိကုန်တာတွေရှိတယ် " လို့ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီရွာခံက " ကပိုင်ရွာက ၂ ယောက် ၊ သစ်ရာပင်ရွာက ၃ ယောက် သီးကုန်းရွာက ၄ ယောက် ပျောက်နေတယ် ၊ သေတာလား ၊ အဖမ်းခံရတာလား ၊ ဒါမှမဟုတ် တောထဲကိုထွက်ပြေးတိမ်းရှောင်နေတာလား သေသေချာချာမသိရသေးဘူး ပျောက်နေပြီး အဆက်အသွယ်မရဖြစ်နေတာ "လို့ ဆက်ပြီးပြောပါတယ်။

အဲ့ဒီ ပျောက်ဆုံနေတဲ့ရွာသားတွေနဲ့ ပတ်သက်လို့ ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့ရုံးကို သတင်းအတည်ပြုချက်ရရှိဖို့ VOM က ဆက်သွယ်မေးမြန်းတဲ့အခါ ရဲအရာရှိ တစ်ယောက်က " ကပိုင်နယ်ဘက်မှာ နယ်မြေရှင်းလင်းရေး လုပ်နေတာတော့ ရှိတယ် ၊ သေဆုံးတာနဲ့ ဒဏ်ရာရတာ ဘာမှမသိရဘူး ၊ ဆေးရုံကို ရုပ်အလောင်းရောက်တာ သေမှုသေခင်းဖွင့်တာ မရှိဘူး " လို့ပြောပါတယ်။

ဧပြီ ၁၉ ရက်က ကနီမြို့နယ် မုံရွာ ယာကြီး ကလေးဝ ကားလမ်း ကွမ်းပင်ရေ ဆက်သွယ်ရေး မိုက်ကရိုဝှေ့စခန်းမှာ လုံခြုံရေးတာဝန်ကျနေတဲ့ အရာခံဗိုလ် တစ်ယောက်ဟာ ဆိုင်ကယ်နဲ့ တစ်ယောက်ထဲရေခပ်သွားချိန် တူမီးသေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက် သေဆုံးသူ အရာခံဗိုလ်ရဲ့ လက်နက်ခဲယမ်းတွေပျောက်ဆုံနေတာလည်း ရှိတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် အလောင်းတော်ကဿပတောင်ခြေနဲ့ မဟူတောင်ခြေက ရွာတွေမှာ နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် ကျေးရွာအတော်များများက လူတွေဟာ ရွာထဲမှာမနေရဲဘဲ ဘေးလွတ်ရာ တောတွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

သစ်ရာပင်ရွာနဲ့ သီးကုန်ရွာအကြာ ကျစ်တီးချောင်း ၂ ဖက်ပစ်ခတ်မှုမှာ ရွာသားတွေဘက်က လူ ၇ ယောက်ထက်မနည်း ကျည်ဆံထိမှန် သေဆုံးတယ်လို့ ပြောကြားတာရှိပေမယ့် ယင်းမာပင်ခရိုင်ရဲတပ်ဖွဲ့ရုံးကတော့ သေဆုံး ၊ ဒဏ်ရာရတာ အခုထိတော့ မရှိသေးဘူးလို့ ငြင်ဆိုထားပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ သေဆုံး ၊ ဒဏ်ရာရ အရေအတွက်စာရင်းရဖို့ VOM က လုပ်ဆောင်နေဆဲဖြစ်ပါတယ်။


Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

အလောင်းတော်ကဿပတောင်ခြေက ရွာတွေမှာ ရွာသားတချို့ ပျောက်ဆုံးနေ အလောင်းတော်ကဿပတောင်ခြေက ရွာတွေမှာ ရွာသားတချို့ ပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 20:53 Rating: 5

No comments:

Powered by Blogger.