အင်တာနက် ငွေကြေးဆိုင်ရာလွှဲပြောင်းမှုတွေ ပြန်ရပြီလို့ စစ်ကောင်စီပြော

 အင်တာနက် ငွေကြေးဆိုင်ရာလွှဲပြောင်းမှုတွေ ပြန်ရပြီလို့ စစ်ကောင်စီပြော

မိုဘိုင်း အင်တာနက်ကနေ ငွေကြေးဆိုင်ရာလွှဲပြောင်းမှုတွေကို ဘဏ်တချို့မှာ ပြန်လည်အသုံးပြုလို့ရနေပြီလို့ စစ်ကောင်စီက ဒီနေ့ည မြန့်မာရုပ်မြင်သံကြားကနေ ထုတ်ပြန်သွားပါတယ်။

ဧပြီ ၂၈ ကနေစပြီး AYA၊ KBZ၊ CB၊ အင်းဝ၊တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်စတဲ့ဘဏ်တွေမှာ စတင်သုံးလို့ရနေပြီလို့လည်း ထုတ်ပြန်သွားပါတယ်။

အခြားဘဏ်တွေရဲ့ ငွေကြေးဆိုင်ရာလွှဲပြောင်းမှု ဝန်ဆောင်မှုတွေကိုလည်း မိုဘိုင်းအင်တာနက်ကနေ လုပ်ဆောင်နိုင်အောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ဗဟိုဘဏ်ကထုတ်ပြန်ကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာပြောသွားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

အင်တာနက် ငွေကြေးဆိုင်ရာလွှဲပြောင်းမှုတွေ ပြန်ရပြီလို့ စစ်ကောင်စီပြော  အင်တာနက် ငွေကြေးဆိုင်ရာလွှဲပြောင်းမှုတွေ ပြန်ရပြီလို့ စစ်ကောင်စီပြော Reviewed by THITHTOOLWIN on 01:32 Rating: 5

No comments:

Powered by Blogger.