ယူကေရောက် မြန်မာတွေရဲ့ လန်ဒန်မြို့က ဆန္ဒထုတ်ဖော်ပွဲ






နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် မတရား ဖမ်းဆီး ခံထားရသူတွေကို ပြန်လွှတ်ပေးရေး ဆက်တောင်းဆိုပေးဖို့ ၊ CRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဖွဲ့စည်းမယ့် အစိုးရသစ်ကိုသာ အသိအမှတ်ပြုဖို့နဲ့ အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ် မပြုဖို့ အပါအဝင် တောင်းဆို တိုက်တွန်းချက် ၁၁ ချက်ပါ စာတစ်စောင်ကို မတ်လ ၃၁ ရက်နေ့က CRPH Supporters UK အဖွဲ့နဲ့ ယူကေရောက် တိုင်းရင်းသားအဖွဲ့အစည်းတွေက ယူကေ နိုင်ငံခြားရေးရုံးထံ သွားရောက် ပေးအပ်ခဲ့ပါတယ်။

နေ့လည် ၁၁ နာရီခွဲမှာ ယူကေရောက် မြန်မာတွေက လန်ဒန်မြို့ ဗြိတိသျှပါလီမန်လွှတ်တော်ရှေ့နဲ့ တရုတ်သံရုံးရှေ့တို့မှာ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ယူကေရောက် မြန်မာတွေရဲ့ လန်ဒန်မြို့က ဆန္ဒထုတ်ဖော်ပွဲ  ယူကေရောက် မြန်မာတွေရဲ့ လန်ဒန်မြို့က ဆန္ဒထုတ်ဖော်ပွဲ Reviewed by THITHTOOLWIN on 00:33 Rating: 5

No comments:

Powered by Blogger.