မုံရွာမြဝတီရပ်အတွင်းပစ်ခတ်မှု ခေါင်းထိမှန်သူ သေဆုံး

မုံရွာ၊ဧပြီ-၁

မုံရွာမြို့ မြဝတီရပ်ကွက် လမ်းသွယ်များအတွင်း ယနေ့မွန်းလွဲ ၃နာရီကျော်က ထိတွေ့ပစ်ခတ်မှုဖြစ်ရာ လူငယ်တစ်ဦး ဦးခေါင်းဗယ်ဘက် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့်ကျဆုံးသည်။

ယနေ့တွင်နံနက် ၉နာရီမှစ၍ ထန်းတော၊မြဝတီရပ်ကွက်လမ်းများအတွင်း ရဲနှင့်စစ်တပ်က လမ်းအတွင်းရှင်းလင်းဝင်ရောက်ရာ ထိတွေ့ပစ်ခတ်မှုများဖြစ်နေသည်။

ဦးခေါင်းထိမှန်ကျဆုံးသူမှာ မြဝတီရပ်မှ အသက်၃၁နှစ်အရွယ်လူငယ်ဖြစ်သည်။

မုံရွာ၌ ယနေ့ပစ်ခတ်မှုတွင် လတ်တလော  ၆ဦးကျည်မှန်ဒဏ်ရာရပြီး ၁ဦးသေဆုံးသည်။

မတ်လ ၃ရက်မှ ဧပြီ ၁ရက်အထိ မုံရွာတွင် ကျဆုံးသောပြည်သူ ၂၀ဦး ရှိနေသည်။


Monywa Gazette

https://www.facebook.com/monywagazette

မုံရွာမြဝတီရပ်အတွင်းပစ်ခတ်မှု ခေါင်းထိမှန်သူ သေဆုံး မုံရွာမြဝတီရပ်အတွင်းပစ်ခတ်မှု ခေါင်းထိမှန်သူ သေဆုံး Reviewed by THITHTOOLWIN on 21:26 Rating: 5

No comments:

Powered by Blogger.