ရန်ကုန် တောင်ဒဂုံ ရပ်ကွက်၂၀ ကျော်က လူဦးရေ ၃၀၀ နီးပါး ဖမ်းဆီးခံထားရ


ရန်ကုန်၊ ဧပြီ ၈၊ ၂၀၂၁

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရှိ ရပ်ကွက် ၂၀ ကျော်က လူဦးရေ ၃၀၀ နီးပါး လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီး ခံထားရတယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။

“ဒီမနက်မှာလည်း ၁၈၊ ၅၃၊ ၅၄ ၊၅၅၊ ၅၆ ရပ်ကွက်မှာ ဖမ်းတာ လူ ၂၀ ကျော်လောက် ပါသွားတယ်။ ညဘက်ကလည်း တံတားထိပ်မှာ အသံဗုံး ၂ လုံးလောက်ပေါက်တာ ကြားရတယ်”လို့ တောင်ဒဂုံ ၅၄ ရပ်ကွက်နေ ပြည်သူ ၁ ဦးက VOM ကို ပြောပါတယ်။

မတ်လ ၃ရက်နေ့ကနေ ဒီနေ့အထိ တောင်ဒဂုံမြို့နယ် ရပ်ကွက် ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၄၊ ၂၅၊ ၂၆၊ ၅၃၊ ၅၄၊ ၅၅၊ ၅၆၊ ၅၇၊ ၆၃၊ ၆၄၊ ၆၅၊ ၇၀၊ ၇၁၊ ၁၀၄၊ ၁၀၅၊ ၁၀၆၊ ၁၀၇ တွေအတွင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေ၊ CDM လှုပ်ရှားမှုနဲ့ Defense teme မှာ ပါဝင်သူ ၂၆၅ ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရသူတွေကို ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၆၆ (ဃ) စတဲ့ ပုဒ်မ တွေနဲ့ အမှုဖွင့်ပြီး အင်းစိန်ထောင်နဲ့ ရွှေပြည်သာ စစ်ကြောရေး စခန်းကို ပို့ဆောင်ထားတယ်လို့ ဖမ်းဆီးခံရသူတွေကို အခမဲ့ လိုက်လံကူညီနေတဲ့ ရှေ့နေများ အဖွဲ့ကနေ သိရပါတယ်။

တောင်ဒဂုံမြို့နယ် ဆန္ဒပြပွဲတွေမှာ သေဆုံးသူဦးရေများခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိသူတွေလည်း ရှိပါတယ်။

လက်ရှိအခြေအနေမှာ တောင်ဒဂုံမြို့နယ်ဟာ ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၆ မြို့နယ်မှာ ပါဝင်တဲ့ မြို့နယ် ၁ ခုလည်း ဖြစ်ပါတယ်။


ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ရန်ကုန် တောင်ဒဂုံ ရပ်ကွက်၂၀ ကျော်က လူဦးရေ ၃၀၀ နီးပါး ဖမ်းဆီးခံထားရ ရန်ကုန် တောင်ဒဂုံ ရပ်ကွက်၂၀ ကျော်က လူဦးရေ ၃၀၀ နီးပါး ဖမ်းဆီးခံထားရ Reviewed by THITHTOOLWIN on 23:11 Rating: 5

No comments:

Powered by Blogger.