မြန်မာ သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်ပြောဆိုနေ" - ရန်ကုန် တရုတ်သံရုံး

ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် စစ်အာဏာသိမ်းကန့်ကွက်ဆန္ဒပြခဲ့ကြစဉ် ။ on February 21, 2021. (Photo by Sai Aung Main / AFP)

မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ တရုတ်နိုင်ငံက ဆက်သွယ်ပြောဆိုမှုရှိပါတယ်လို့ ရန်ကုန်မြို့ တရုတ်သံရုံးက ဒီကနေ့ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ တရုတ်သံတမန်တဦးတို့ ပြီးခဲ့တဲ့သီတင်းပတ်က ဆက်သွယ်ပြောဆိုခဲ့တယ်ဆိုတဲ့ ဧရာဝတီ သတင်းဌာနရဲ့ သတင်းနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့မေးမြန်းချက်ကို သံရုံးက အီးမေးလ်နဲ့ အကြောင်းပြန်ခဲ့တာပါ။

"ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးနဲ့ဆွေးနွေးပြောဆိုမှုကို အားပေးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့၊ မြန်မာနိုင်ငံမှာအခြေအနေ ငြိမ်သက်သွားဖို့နဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းရေး အားပေးဖို့၊ သဘောထားကွဲပြားမှုတွေကို ဆွေးနွေးပြောဆိုညှိနှိုင်းတိုင်ပင်တာကနေတဆင့် ဖြေရှင်းဖို့နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ဆက်ပြီး တွန်းအားပေးသွားဖို့ဖြစ်တယ်လို့ တရုတ်သံရုံးရဲ့ အီးမေးလ်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို အနောက်နိုင်ငံတွေက ပြစ်တင်ရှုတ်ချထားပေမယ့် တရုတ်နိုင်ငံကတော့ အဲဒီလို ပြစ်တင်ရှုတ်ချတာမရှိဘဲ မြန်မာနိုင်ငံ တည်ငြိမ်ဖို့ မျှော်လင့်တယ်လို့ပဲ ပြောထားပါတယ်။

တရုတ်နိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံအားပေးနေတယ်လို့ အာဏာသိမ်းတာကို ဆန့်ကျင် ဆန္ဒပြနေသူတွေက ယူဆထားပြီးတော့ အခုဆိုရင် တရုတ်ထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ တောင်းဆို လှုံ့ဆော်တာတွေ ရှိလာချိန်မှာပဲ တရုတ်နိုင်ငံဘက်က အခုလို ပြောဆိုချက်ထွက်လာတာပါ။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/chinese-embassy-in-rangoon/5847109.html

မြန်မာ သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်ပြောဆိုနေ" - ရန်ကုန် တရုတ်သံရုံး မြန်မာ သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်ပြောဆိုနေ" - ရန်ကုန် တရုတ်သံရုံး Reviewed by THITHTOOLWIN on 22:00 Rating: 5

No comments:

Powered by Blogger.