ကနီမှာ စစ်ကောင်စီတပ် ပစ်ခတ်လို့ ခြောက်ယောက်ထက်မနည်း သေဆုံး

ကနီမှာ စစ်ကောင်စီတပ် ပစ်ခတ်လို့ ခြောက်ယောက်ထက်မနည်း သေဆုံး စစ်ကိုင်းတိုင်း ကနီမြို့နယ်က ပြည်သူတွေ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ၂၀၂၁၊ မတ် ၂၇ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်  / Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အနီး မိုင်တိုင် ၁၂ မှာ ကျေးရွာလုံခြုံရေးဆောင်ရွက်နေတဲ့ ဒေသခံပြည်သူတွေကို မနေ့က ဧပြီလ ၁၅ ရက်နေ့ ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီက အင်အား ၂၀၀ ကျော်နဲ့ လာရောက် ဖြိုခွင်းခဲ့တဲ့အတွက် ရွာသားတွေဘက်က ခြောက်ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စစ်ကောင်စီက ကား ၁၄ စီးနဲ့ လာပစ်တော့ ဒေသခံတွေက တူမီးသေနတ်တွေနဲ့ ပြန်ခုခံပါတယ်၊ အကျဆုံးလည်း များသလို ပျောက်ဆုံးနေတဲ့ ရွာသား ၂၀ ကျော်ရှိတယ်။ ညနေ ၄ နာရီက ပစ်တာ ည ၈ နာရီကျော်မှ ပြန်သွားကြတယ်။ ပြည်သူတွေ ခေါင်းဆောင်ကောင်းနဲ့ နည်းစနစ်ကောင်းကောင်းနဲ့ ပြန်ခုခံဖို့ လိုပါပြီ" လို့ ဒေသခံ ရွာသားတစ်ယောက်က RFA ကို ပြောပါတယ်။

မနေ့က ဖြစ်စဉ်မှာ ကျဆုံးခဲ့တဲ့သူတွေက မိုးကောင်းကျေးရွာက သုံးဦး၊ ထမ်းစင်ကျေးရွာက တစ်ဦး၊ လည်ရှည် ကျေးရွာက တစ်ဦးနဲ့ သမင်ရပ်ကျေးရွာက တစ်ဦးဖြစ်တယ်လို့ အကြမ်းဖျင်း သိထားရပါတယ်။

အခုလ ၂ ရက်နေ့ကလည်း ကနီမြို့နယ်အနီးက သပြေအေးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ရွာသားတွေ ထိပ်တိုက်တွေ့ခဲ့ပြီး ရွာသား သုံးယောက် သေဆုံးခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/kani-attack-04162021001214.html

ကနီမှာ စစ်ကောင်စီတပ် ပစ်ခတ်လို့ ခြောက်ယောက်ထက်မနည်း သေဆုံး  ကနီမှာ စစ်ကောင်စီတပ် ပစ်ခတ်လို့ ခြောက်ယောက်ထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 21:42 Rating: 5

No comments:

Powered by Blogger.