မြဝတီမြို့မှ ဖမ်းဆီးခံရသူ ၁၀၀ ဝန်းကျင်အနက် အသက် ၁၈ နှစ်အောက်သာ အာမခံပေးထားပြီး ကျန်သူများကို မြဝတီနှင့်ဖားအံအချုပ်ထောင်တွင် ထိန်းသိမ်းထား



Share/Bookmark

ဧပြီလ ၅ ရက် ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် ဖမ်းဆီးခံရသူ လူ ၁၀၀ ဝန်းကျင်ခန့်အနက်မှ အသက် ၁၈ နှစ်မပြည့်သူများကိုသာ အာမခံဖြင့်လွှတ်ပေးထားပြီး ကျန်သူများကို မြဝတီနှင့်ဖားအံမြို့ရှိ အချုပ်ထောင် တို့တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယအပတ်မှစ၍ မတ်လ ၂၇ ရက်နေ့ထိ မြဝတီမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ ဖမ်းဆီးခံရသူ စုစုပေါင်း လူ ၁၀၀ ဝန်းကျင်ခန့်ရှိခဲ့ခြင်းဖြစ်သည်။ 

“ အသက် ၁၈ နှစ် မပြည့်သေးသူ ကလေးသူငယ် ၁၅ ယောက်ခန့်ကိုတော့ ကိုယ်ပိုင်ခံဝန်ဖြင့် လွှတ်ပေးထားပါတယ်။ ကျန်ရှိနေတဲ့ အယောက် (၈၀) ဝန်းကျင်ခန့်ကိုတော့ များသောအားဖြင့် ပုဒ်မ.၅၀၅(က) ဖြင့် အမှုဖွင့်ခံရပြီး  မြဝတီရဲစခန်းအချုပ်နှင့် ဖားအံမြို့ တောင်ကလေးအကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားပါတယ်။ အဲ့ဒီကနေတဆင့် မြဝတီတရားရုံးသို့ ရုံးချိန်းတက်နေရတာပါ။ ”ဟု ဆန္ဒပြမှုနှင့် စပ်လျဉ်း၍ ဖမ်းဆီးခံရသူများအား အခမဲ့ ဥပဒေအကူအညီပေးလျက်ရှိသည့် မြဝတီမြို့ ပြည်သူ့ရှေ့နေများ အဖွဲ့မှ ရှေ့နေတစ်ဦးက ပြောသည်။ 

လက်ရှိမှာတွင် ၎င်းတို့ အာမခံရရှိရေးအတွက် လျှောက်လွှာတင်ထားပြီး တရားသူကြီး၏ အဆုံးအဖြတ်ကို စောင့်နေဆဲဖြစ်ကြောင်း အခမဲ့ ဥပဒေအကူအညီပေးလျက်ရှိသည့် မြဝတီမြို့ ပြည်သူ့ရှေ့နေများ အဖွဲ့ထံမှသိရသည်။


Karen Information Center -KIC

https://www.facebook.com/KICNewsPage



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ