ပဲခူးမြို့ ပစ်ခတ်မှု သေဆုံးသူ ၆ဝ ကျော်ရှိပြီလို့ ဒေသခံတွေပြော

ပဲခူးမြို့ ပစ်ခတ်မှု သေဆုံးသူ ၆ဝ ကျော်ရှိပြီလို့ ဒေသခံတွေပြော ပဲခူးမြို့ ဒီကနေ့ ပစ်ခတ်ဖြိုခွဲမှုမြင်ကွင်း / Photo-CJ

ပဲခူးမြို့မှာ ဒီနေ့ နံနက်အစောပိုင်း ၅ နာရီလောက်ကတည်းက ပစ်ခတ်ဖြိုခွဲလို့ သေနတ်ကျည်ထိမှန် သေဆုံးသူ အယောက် ၆၀ ကျော်ရှိသွားပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

RFA က ဒီနေ့ည ၈ နာရီမှာ ဖုန်းဆက်သွယ်ပြောခဲ့တဲ့ သပိတ်မှာပါဝင်သူ နှစ်ဦးက သေဆုံးအလောင်း ၃ လောင်းပဲ ရထားပြီး အလောင်း ၅၇ လောင်းကို စစ်တပ်က သိမ်းယူသွားတယ်လို့ ပြောပါတယ်။

ပဲခူး၊ ဆိုရှယ်လစ် ၁၃ လမ်းထိပ်က ဇေယျာမုနိဘုရားနားမှာ သေဆုံးအလောင်းတွေ ပုံထားတာကို တွေ့ခဲ့ရတယ်လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။ အရေအတွက်ကိုတော့ မသိရဘူးလို့ဆိုပါတယ်။

အလောင်း ၅၇ လောင်းကို သယ်ဆောင်သွားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ပြောဆိုချက်ကို RFA က မသိရသေးပါဘူး။

ညအချိန်ထိ စစ်ကောင်စီတပ်တွေ ထပ်မံပစ်ခတ်နေတာတွေရှိပြီး ဒဏ်ရာရသူတွေ များစွာရှိနေတာကြောင့် သေဆုံးသူတွေ ထပ်တိုးလာနိုင်တယ်လို့ RFA နဲ့ ဖုန်းဆက်သွယ်ပြောဆိုတဲ့ ဒေသခံတွေကပြောကြပါတယ်။

ပဲခူးမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ မဂ္ဂတစ်၊ စံတော်တွင်း၊ မော်ကန် သုံးမြို့နယ်ကို ဒီနေ့ဖြိုခွဲခံရတာဖြစ်ပြီး RFA က ဒေသခံတွေနဲ့ ဖုန်းပြောဆိုချိန်မှာ ပစ်ခတ်သံတွေကြားနေရဆဲဖြစ်ပါတယ်။

ဒီနေ့ ဖြိုခွဲမှုမှာ လက်နက်ကြီးတွေပါ သုံးပြီးပစ်ခတ်ဖြိုခွဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ရပ်ကွက်တွေထဲ လှည့်လည်ပြီး လိုက်လံဖမ်းဆီးမှုတွေ ရှိနေပါတယ်။

လက်ရှိမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အပြင် ဖုန်းလိုင်းတွေလည်း ဆက်သွယ်ဖို့ ခက်နေတာကြောင့် ပဲခူးသေဆုံးသူ အတိအကျကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/bago-deaths-myanmar-military-coup-04092021101001.html

ပဲခူးမြို့ ပစ်ခတ်မှု သေဆုံးသူ ၆ဝ ကျော်ရှိပြီလို့ ဒေသခံတွေပြော ပဲခူးမြို့ ပစ်ခတ်မှု သေဆုံးသူ ၆ဝ ကျော်ရှိပြီလို့ ဒေသခံတွေပြော Reviewed by THITHTOOLWIN on 21:04 Rating: 5

No comments:

Powered by Blogger.