မြန်မာနဲ့ စီးပွားရေးလုပ်ရင် သတိထားဖို့ ကနေဒါကုမ္ပဏီတွေကို ကနေဒါအစိုးရ အကြံပြု

စစ်အာဏာသိမ်းအပြီး ကန့်ကွက်ဆန္ဒပြမှုတွေ

ကနေဒါ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံက ကုမ္ပဏီတွေနဲ့ စီးပွားရေး ပူးတွဲ လုပ်ကိုင်တဲ့အခါ ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ ထုတ်ကုန် ထိန်းချုပ်ထားမှုတွေကို လေးစားလိုက်နာဖို့နဲ့ မြင့်မားတဲ့ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေအတိုင်း ဆောင်ရွက်ဖို့ ကနေဒါအစိုးရက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွဲမှုတွေအတွင်း ဆန္ဒပြသူ ရာပေါင်းများစွာ သေဆုံးခဲ့ရချိန်မှာပဲ ကနေဒါအစိုးရက အခုလို သတိပေးချက် ထုတ်ပြန်လိုက်တာပါ။

ယူကေနဲ့ အမေရိကန်တို့နဲ့အတူ ကနေဒါအစိုးရဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ၉ ဦးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့သလို မြန်မာစစ်တပ်နဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ် စုစုပေါင်း ၅၄ ဦး၊ စီးပွားရေးလုပ်ငန်း ၄၄ ခု ကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

မြန်မာနဲ့ စီးပွားရေးလုပ်ရင် သတိထားဖို့ ကနေဒါကုမ္ပဏီတွေကို ကနေဒါအစိုးရ အကြံပြု  မြန်မာနဲ့ စီးပွားရေးလုပ်ရင် သတိထားဖို့ ကနေဒါကုမ္ပဏီတွေကို ကနေဒါအစိုးရ အကြံပြု Reviewed by THITHTOOLWIN on 21:10 Rating: 5

No comments:

Powered by Blogger.