အေတီအမ် ကတ် အချို့ တစ်ရက်ကို တစ်သိန်းခွဲသာ ထုတ်နိုင်

ဧပြီလဆန်းက မြန်မာ ပလာဇာမှာ အေတီအမ်က ‌‌ငွေထုတ်ဖို့ တန်းစီနေကြစဉ်

သင်္ကြန်ရုံးပိတ်ရက်အပြီးပြန်ဖွင့်တဲ့ ဧပြီလ ၂၀ ရက်နေ့မှာ ပုဂ္ဂလိကဘဏ် တစ်ခုဖြစ်တဲ့ အေဂျီဒီဘဏ် အေတီအမ်ကနေ တစ်ရက်ကို ကျပ်တစ်သိန်းခွဲထုတ်နိုင်တယ်လို့ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း စစ်ကောင်စီ ဗဟိုဘဏ်တာဝန်ရှိသူတွေက တစ်ရက်ကိုအေတီအမ်ကနေ ငါးသိန်းအထိ ထုတ်နိုင်တယ်လို့ပြောခဲ့ပေမဲ့ လက်တွေ့မှာ တော့ ဘဏ်အချို့က နှစ်သိန်း သုံးသိန်းစသဖြင့်သာ ထုတ်ယူခွင့် ပြုနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဒီလိုလုပ်ရတာ ပုဂ္ဂလိကဘဏ်တွေတောင့်ခံနိုင်အောင်လုပ်ရတာ လို့လည်း ပုဂ္ဂလိကဘဏ် ဝန်ထမ်းတစ်ဦးကပြောပါတယ်။

ငွေလေးသိန်းလောက်ထုတ်ဖို့ နာရီနဲ့ချီပြီးတန်းစီနေရပြီး မိုဘိုင်းအင်တာနက်တွေဖြတ်ထားတဲ့ အတွက် အရောင်းအဝယ်လုပ်ရမှာ ‌‌‌ငွေလက်ငင်းချေဖို့ကို အားကိုးနေရတယ်လို့ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

အေတီအမ် ကတ် အချို့ တစ်ရက်ကို တစ်သိန်းခွဲသာ ထုတ်နိုင်  အေတီအမ် ကတ် အချို့ တစ်ရက်ကို တစ်သိန်းခွဲသာ ထုတ်နိုင် Reviewed by THITHTOOLWIN on 20:44 Rating: 5

No comments:

Powered by Blogger.