ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေပါဝါကို တရားရုံးလက်ခံ၊ အင်တာနက်မရှိလို့ ဒေါ်အောင်ဆန်းစုကြည်ကိုရုံးမထုတ်ဖြစ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ စွဲဆိုထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုပုဒ်မ ၃ (ဂ) မှာ အမှုလိုက်ပါဆောင်ရွက်ခွင့်ရဖို့ ရှေ့နေပါဝါကို တရားရုံးက ဒီနေ့ ဧပြီ ၂၂ ရက်ရုံးချိန်းမှာလက်ခံလိုက်တယ်လို့ သူ့ရှေ့နေ ဒေါ်စန်းမာလာညွန့်ကပြောပါတယ်။

အမှုသည်နဲ့ လူချင်းတွေ့ဆုံခွင့်ပြုဖို့လည်း တရားရုံးကိုတောင်းဆိုထားတယ်လို့ သူက ဆက်ပြောပါတယ်။

ရှေ့နေပါဝါတင်ခွင့်ရပြီဖြစ်ပြီး အမှုတွဲကူးခွင့်လည်းရထားပြီဖြစ်ပေမယ့် အမှုတွဲကိုလောလောဆယ်မကူးရသေးတာကြောင့် ဒီပုဒ်မနဲ့ ဘာကြောင့်ဆွဲတယ်ဆိုတာ အမှုတွဲကူးပြီးမှ ပြောနိုင်မယ်လို့လည်း ဆိုပါတယ်။

ဒီနေ့တရားရုံးမှာ ဝိုင်ဖိုင်အင်တာနက်မရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဗီဒီယိုကွန်ဖရန်းဇင်းနဲ့ မစစ်ဖြစ်ဘူးလို့လည်း ဒေါ်စန်းမာလာညွန့်ကပြောပါတယ်။ နောက်တစ်ကြိမ်ရုံးချိန်းကို မေ ၆ ရက်ကို ပြန်လည်ချိန်းဆိုထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေပါဝါကို တရားရုံးလက်ခံ၊ အင်တာနက်မရှိလို့ ဒေါ်အောင်ဆန်းစုကြည်ကိုရုံးမထုတ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေပါဝါကို တရားရုံးလက်ခံ၊ အင်တာနက်မရှိလို့ ဒေါ်အောင်ဆန်းစုကြည်ကိုရုံးမထုတ်ဖြစ် Reviewed by THITHTOOLWIN on 21:06 Rating: 5

No comments:

Powered by Blogger.