ဖားကန့် အေးမြသာယာ သပိတ်စစ်ကြောင်းစုရပ်မှာ လူငယ် ၇ ဦးဖမ်းဆီးခံရ

ဖားကန့် အေးမြသာယာ သပိတ်စစ်ကြောင်းစုရပ်မှာ လူငယ် ၇ ဦးဖမ်းဆီးခံရ ဖားကန့်မြို့မှာ တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ Photo: RFA

ဧပြီလ ၈ ရက်နေ့က ဖားကန့်မြို့၊ အေးမြသာယာ သပိတ်စစ်ကြောင်း ဆန္ဒပြမထွက်ခင် စုရပ်ကို ကြိုရောက်နှင့်နေတဲ့ လူငယ် (၇) ဦး ခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲစားနေချိန် သတင်းပေးခံရမှုကြောင့် ရဲတွေက လာရောက် ဖမ်းဆီးသွားခဲ့တယ်လို့ သပိတ်စစ်ကြောင်းခေါင်းဆောင်တစ်ဦးက RFA ကို အတည်ပြု ပြောကြားပါတယ်။

“ အဖမ်းခံရတာကတော့ ကလေး ၇ ယောက်ပေါ့နော်။ ပါသွားတယ်။ စစ်ကြောင်းမထွက်ခင် လာဖမ်းသွားတာ လူတောင် မစုသေးဘူး။ ၈ နာရီကျော်ကျော်လောက်ပဲ ရှိသေးတယ်။ ခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲစားနေရင်းနဲ့ဖမ်းသွားတာ ၃ ယောက်။ ဆိုင်ကယ်ဆိုင်က ၁ ယောက်။ ဆိုင်ကယ်နဲ့လာနေတာကို တားဖမ်းတာက ၂ ယောက်။ အကုန်လုံး ၇ ယောက်။ ၅ ယောက်တော့ စာရင်းရတယ်။ ၂ ယောက်ကတော့ မရသေးဘူး” လို့ ပြောပါတယ် ။

ဖားကန့်မှာ ရဲနဲ့စစ်သားတွေ သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးသူ နှစ်ယောက်အပြင် မတ်လ ၃ ရက်နေ့ကတည်းက အဖမ်းခံရသူ စုစုပေါင်း ၁၇ ယောက်အထိ ရှိနေပြီး တချို့အဖမ်းခံရသူတွေကို မိုးညှင်းအကျဉ်းထောင်ကို ပို့ဆောင်ထားပါတယ်။

ဖားကန့်မြို့မှာ လုံးခင်းသပိတ်စစ်ကြောင်း၊ မော်ဝမ်းသပိတ်စစ်ကြောင်း၊ အေးမြသာယာ သပိတ်စစ်ကြောင်း ၊ မရှီကထောင်သပိတ်စစ်ကြောင်း၊ ဆိပ်မူသပိတ်စစ်ကြောင်း၊ မမုံသပိတ်စစ်ကြောင်းတို့ ဆက်လက် အားကောင်းနေဆဲဖြစ်ပြီး စစ်အာဏာရှင်အလိုမရှိကြောင်း နေ့စဉ် ဆန္ဒထုတ်ဖော်နေလျက်ရှိပါတယ် ။


RFA Burmese

https://www.rfa.org/burmese/news/phakant-protesters-got-arrested-04082021123438.html

ဖားကန့် အေးမြသာယာ သပိတ်စစ်ကြောင်းစုရပ်မှာ လူငယ် ၇ ဦးဖမ်းဆီးခံရ ဖားကန့် အေးမြသာယာ သပိတ်စစ်ကြောင်းစုရပ်မှာ လူငယ် ၇ ဦးဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 23:38 Rating: 5

No comments:

Powered by Blogger.