ပုဂ္ဂလိက ဘဏ်ဝန်ထမ်း အချို့ ရုံးပြန်တက်ဖို့ ဖိအားပေးခံရ

 အေတီအမ် စက်များတွင်‌‌‌ ‌တန်းစီနေကြ

ပုဂ္ဂလိက ဘဏ်ဝန်ထမ်း အချို့ဟာ အခုရက်ပိုင်း ရုံးပြန်တက်ဖို့ဖိအားပေးခံ‌နေရပြီး လစာမဲ့ခွင့်ကာလကို ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးသတ်မှတ်ပြီး ထုတ်ပြန်ထားတယ်လို့ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတစ်ဦးကပြောပါတယ်။

လာမယ့် ဧပြီလ ၂၆ ရက်နေ့ ရုံးဖွင့်ရက်မှာတော့ ရုံးမတက်တဲ့သူတွေကို ဘယ်လို အရေးယူမယ်ဆိုတာကို သိရမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ပုဂ္ဂလိက ဘဏ်အချို့ ရဲ့ ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ ရက်ပိုင်း အသိပေး ထုတ်ပြန်ချက်မှာ လစာမဲ့ခွင့်ကာလကို ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးရက် သတ်မှတ်ထားပြီး သတ်မှတ်ရက်ကျော်သူတွေကို မြန်မာနိုင်ငံ အလုပ်သမားဥပဒေအရ ဆက်လက်ဆောင်ရွှက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။


ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်က ‌လည်းပုဂ္ဂလိကဘဏ်ကြီးတစ်ခုက ဘဏ်ဘက်ကနေ CDM လှုပ်ရှားမှု ပါဝင်သူတွေ ရုံးပြန်တက်ဖို့ရှိ မရှိကို အစည်းအဝေးခေါ်ယူခဲ့ပြီး ဖိအားပေးခဲ့တာတွေလည်းရှိခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ပုဂ္ဂလိက ဘဏ်ဝန်ထမ်း အချို့ ရုံးပြန်တက်ဖို့ ဖိအားပေးခံရ  ပုဂ္ဂလိက ဘဏ်ဝန်ထမ်း အချို့ ရုံးပြန်တက်ဖို့ ဖိအားပေးခံရ Reviewed by THITHTOOLWIN on 22:48 Rating: 5

No comments:

Powered by Blogger.