ဖားကန့်မြို့ကနေ သပိတ်စစ်ကြောင်းရှိရာဘက်သို့ ဦးတည်ဘာတဲ့ စစ်​ကောင်စီ စစ်တပ်နဲ့ရဲ ယာဉ်တန်း လမ်းမှာ မိုင်းခွဲခံ​ရ​


Photo: ပုံ​ဟောင်းဖြစ်ပါတယ်

13 April 2021 - Hpakant

ယ​နေ့ နံနက် ၁၀နာရီခွဲဝန်းကျင်တွင် ဖားကန့်မြို့ကနေ သပိတ်စစ်ကြောင်းရှိရာဘက်သို့ ဦးတည်လာ​သော စစ်​ကောင်စီတပ်နှင့်ရဲ ယာဉ်တန်းလမ်းတွင် မိုင်းခွဲခံ​ရ​ကြောင်း သတင်းရရှိသည်။ 

​အေးမြသာယာနှင့် ​မော်​တောင်းရွာကြားတွင် ခွဲခံရတာဖြစ်ပြီး ထိခိုက်မှု​ ရှိမရှိ မသိရှိ​သေး​ကြောင်း ​ဒေသခံများကဆိုသည်။ 

ဖြစ်ပွား​ခဲ့သည့်နေရာ၌ ဒေသခံ​များကို မလာခိုင်း​ဘဲ ပိတ်ချထားသည်ဟု ဆိုသည်။ ထိခိုက်ဒဏ်ရာရမှု အတိအကျ မသိနိုင်​ကြောင်း ဒေသခံတစ်ဦးကဆိုသည်။ 

"ရဲကားတစ်စီးမှာ စစ်သား​ရော ရဲ​ရောပါတယ်တဲ့။ အဲကားတစ်စီးက အ​ပေါ်ကို​​​တောင် ​မြှောက်သွားတယ်တဲ့"ဟု ဖားကန့်ဒေသခံတစ်ဦးက ဆိုသည်။ 

မိုင်းခွဲခံရပြီး​နောက် စစ်​ကောင်စီတပ်မှ လက်နက်ကြီး​​များ၊ သေနတ်​များဖြင့် မြို့ဘက်ကို ဦးတည်ရာမဲ့ ပစ်ခတ်​နေသည်ဟု ဆိုသည်။


Kachinwaves

https://www.facebook.com/kachinwavesnews

ဖားကန့်မြို့ကနေ သပိတ်စစ်ကြောင်းရှိရာဘက်သို့ ဦးတည်ဘာတဲ့ စစ်​ကောင်စီ စစ်တပ်နဲ့ရဲ ယာဉ်တန်း လမ်းမှာ မိုင်းခွဲခံ​ရ​ ဖားကန့်မြို့ကနေ သပိတ်စစ်ကြောင်းရှိရာဘက်သို့ ဦးတည်ဘာတဲ့ စစ်​ကောင်စီ စစ်တပ်နဲ့ရဲ ယာဉ်တန်း လမ်းမှာ မိုင်းခွဲခံ​ရ​ Reviewed by THITHTOOLWIN on 20:38 Rating: 5

No comments:

Powered by Blogger.