မြန်မာအာဏာပိုင်တွေက အကြမ်းဖက်မှုရပ်ဖို့ သဘောတူတယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော

 မြန်မာအာဏာပိုင်တွေက အကြမ်းဖက်မှုရပ်ဖို့ သဘောတူတယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ပေးဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ အဆိုပြုချက်ကို မြန်မာဘက်က လက်ခံခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ် မူယစ်ဒင်း ယက်ဆင်က ပြောကြားလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျာကာတာမှာ ကျင်းပတဲ့ မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေး အပြီးမှာ မလေးရှားဝန်ကြီးချုပ်က အခုလို ပြောကြားခဲ့တာဖြစ်တယ်လို့ Bernama မလေးရှားသတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အခုလို ကျင်းပခဲ့တဲ့ မြန်မာ့အရေး အာဆီယံအစည်းအဝေးဟာ အောင်မြင်တယ်လို့လည်း မစ္စတာ မူယစ်ဒင်း ယက်ဆင်က ပြောကြားခဲ့ကြောင်း Bernama သတင်းဌာနက ပြောပါတယ်။

“ကျွန်တော်တို့ အောင်မြင်ခဲ့ပါတယ်။ ဒီကနေ့ အစည်းအဝေးက မျှော်လင့်ထားတာထက် အောင်မြင်တယ်”ဆိုပြီး မစ္စတာ မူယစ်ဒင်း ယက်ဆင်က ပြောခဲ့ကြောင်း အဲဒီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ် မူယစ်ဒင်း ယက်ဆင်က ထိပ်သီးအစည်းအဝေးအတွင်း အချက် ၃ ချက်ပါ အဆိုပြုမှုတစ်ခု လုပ်ခဲ့ပြီး။ မြန်မာဘက်က ဒီအချက်တွေကို စဉ်းစားဖို့ ပြောခဲ့ပါတယ်။ ၁။ မြေပြင်မှာ တင်းမာမှုတွေ လျှော့ချပြီး အရပ်သားတွေအပေါ် သတ်ဖြတ်အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ၂။ နိုင်ငံရေးအကျဉ်းသားတွေကို ခြွှင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ၃။ အာဆီယံဥက္ကဋ္ဌနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ကို မြန်မာပြည်လာခွင့်ပေးပြီး သက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ပေးဖို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာတော့ ဒီကနေ့ ဆန္ဒပြမှုတွေ ဆက်ဖြစ်နေပြီး မန္တလေးနဲ့ ပျဉ်းမနား သပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

မြန်မာအာဏာပိုင်တွေက အကြမ်းဖက်မှုရပ်ဖို့ သဘောတူတယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော  မြန်မာအာဏာပိုင်တွေက အကြမ်းဖက်မှုရပ်ဖို့ သဘောတူတယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော Reviewed by THITHTOOLWIN on 21:50 Rating: 5

No comments:

Powered by Blogger.