အာဏာသိမ်း စစ်ကောင်စီနှင့် ပတ်သက်သူ၊ ဒလံများ ရှင်းပစ်မည် ဟု သီပေါလူငယ်များ စာထုတ်


ဧပြီ ၂၇ရက် ၂၀၂၁

သျှမ်းပြည် မြောက်ပိုင်းသီပေါမြို့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီမှ ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး၊ ဘက်တော်သား လက်ပါးစေ နှင့် ၎င်းတို့၏ မိသားစုဝင်များကို ရပ်တန့်ကြရန် သီပေါလူငယ်များက သတိပေးလိုက်ကြောင်း စုံစမ်းသိရသည်။

ထို့ကြောင့် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ၏ ဘက်တော်သား  ဒလံ များကို သီပေါမြို့ထဲတွင် မနေနိုင်အောင် အမြန်ဆုံးရှင်းလင်းသွားမည်ဟုလည်း  သီပေါလူငယ်များက စာထုတ်ပြန်လိုက်သည်။

သီပေါမြို့ နေ့စဉ် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြသည့် ပြည်သူများကို  အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ ၏ ဒလံများက သတင်းပေးခြင်း၊ ၎င်းတို့ကိုယ်တိုင်းက ရဲစခန်းတွင် အမှုဖွင့်တိုင်းကြားထားခြင်းများ ပြုလုပ်နေလျက်ရှိ သောကြောင့် သီပေါမြို့ လူငယ်များက ယမန့်နေ ဧပြီ ၂၆ ရက်နေ့ည က သတိပေးစာထုတ်ပြန်ခဲ့သည်။ 

“ ကျနော်တို့ စာထုတ်ထားတာဟုတ်ပါတယ်။ ခုက ဒလံတစ်ယောက်ကျတော်တို့ ဆန္ဒပြတဲ့သူကို တရားလိုနဲ့ အမှုဖွင့်ထားတယ်ဗျ။ ကျနော်တို့ အခုက ဒလံတွေကို ကျည်ဆံ နဲ့ စာအိတ်တွေ အရင်ဆုံးပေးပို့ သတိပေးထားပါတယ်” ဟု ဒလံရှင်းမည့် အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

သီပေါမြို့ရှိ ဒလံများကို ၎င်းတို့ စာထုတ်ပြန်ထားသည့် အတိုင်းတစ်ဆင့်ပြီး တစ်ဆင့်လုပ်ဆောင်သွားမည်ဟုသိရသည်။ 

ဒလံများကို ကျည်ဆံ နှင့် စာအိတ်များဖြင့် သတိပေးခြင်း၊ ထိုနောက် ၎င်းတို့ အိမ်တွင် အသံဗုံးခွဲခြင်း ၊ ပြည်သူများကို ဆက်လက်ပြီး အန္တရာယ် ပြုလာပါက ၎င်းတို့ အိမ်နှင့် ပတ်ဝန်းကျင်တို့ ကို ထိခိုက်လာနိုင်ကြောင်းသိရသည်။ 

ဒလံများအနေဖြင့် စာရသည့်အချိန်မှ စပြီး မိမိ၏ လုပ်ရပ်အမှားများကို ရပ်တန့်က ရပ်ပြီး ရှောင်ပြေးရန်၊ မိမိ၏ မိသားစုဝင်များကို တပါးတည်း ခေါ်ဆောင်သွားရန်၊ မလိုက်နာပါက မိမိ၏ မိသားစုဝင်မျးအတွင်း ကလေး၊ လူကြီး၊ကျား၊မ မရွေး၊ ကိုယ်ဝန်သည်နှင့် အိမ်နီးနားချင်းများပါ မကျန် အသက်အန္တရာယ်ကျရောက်မည်ဟု သီပေါလူငယ်များ၏ ထုတ်ပြန်စာတွင်ရေးသားထားသည်။

“ ကျနော်တို့ ထုတ်ပြန်ထားတဲ့အတိုင်းပဲ သူတို့က ဆက်ပြီး ပြည်သူလူထုကို အန္တရာယ်ပေးနေမယ်ဆို ကျနော်တို့လည်း သူတို့ကို အကြမ်းဖက် လက်နက်တွေနဲ့ သုံးမယ်ဗျ။ “ ဟု ဒလံရှင်းအဖွဲ့ဝင်တစ်ဦးကပြောသည်။ 

သီပေါမြို့တွင် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ နေ့၊ည လမ်းပေါ်တွင် စောင့်ဆိုင်း စစ်ဆေးနေသော်လည်း သီပေါလူထုသည် စစ်အာဏာရှင် အလိုမရှိကြောင့် နေ့စဉ်နည်းမျိုးစုံဖြင့် ဆန္ဒပြနေကြသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

အာဏာသိမ်း စစ်ကောင်စီနှင့် ပတ်သက်သူ၊ ဒလံများ ရှင်းပစ်မည် ဟု သီပေါလူငယ်များ စာထုတ် အာဏာသိမ်း စစ်ကောင်စီနှင့် ပတ်သက်သူ၊  ဒလံများ ရှင်းပစ်မည် ဟု သီပေါလူငယ်များ စာထုတ် Reviewed by THITHTOOLWIN on 20:39 Rating: 5

No comments:

Powered by Blogger.