ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ လျှပ်စစ်မီတာဆောင်ခိုင်းနေ


ရန်ကုန်တိုင်းထဲက စစ်အုပ်ချုပ်ရေး အမိန့်ကြေညာခံထားရတဲ့ လှိုင်သာယာနဲ့ မြောက်ဒဂုံမြို့နယ်တွေအပါအဝင် မြို့နယ်တချို့မှာ လျှပ်စစ်မီတာခတွေ ဆောင်ကြဖို့ မီတာစာရွက်တွေ အိမ်တိုင်ရာလောက် လိုက်ပေးနေတာတွေရှိနေပါတယ်။

လှိုင်သာယာမြို့နယ်ထဲက စက်မှုဇုန်ဘက်မှာရှိတဲ့ ညောင်ရပ်ကွက်မှာဆိုရင် အရပ်ဝတ်ဝတ်ထားတဲ့ လျှပ်စစ်ဝန်ထမ်းက ဇန်နဝါရီလအတွက် မီတာ စာရွက်တွေကို ဧပြီလ ၂၄ ရက်မှာ အိမ်တိုင်ရာရောက် လာပေး သွားတယ်လို့ ရပ်ကွက်မှာနေထိုင်သူ တစ်ဦးက ပြောပါတယ်။

တစ်ခါ လှိုင်သာယာထဲက အမှတ် ၁၆ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကလည်း မီတာဆောင်ဖို့ ရပ်ကွက်လူကြီးက မီတာစာရွက်တွေ လိုက်ပို့နေတယ်ဆိုပြီး အတည်ပြုပါတယ်။

သူ့အပြောအရဆိုရင်တော့ မတ်လ အတွက် မီတာဆောင်ရမယ့်စာရွက်လို့ ဆိုပါတယ်။

လှိုင်သာယာ အမှတ် ၁၉ ရပ်ကွက်သူ တစ်ဦးကလည်း မီတာစာရွက်ရတဲ့အကြောင်း ဘီဘီစီကို အတည်ပြုထားပြီး အိမ်ရှိလူကုန် အလုပ်သွားနေချိန် မီတာစာရွက်လာညှပ်သွားတာဖြစ်လို့ ဘယ်သူလာပို့ သွားတယ်ဆိုတာမျိုးတော့ မသိရဘူးလို့ ဆိုပါတယ်။

လှိုင်သာယာမှာ အခုလို မီတာစာရွက်တွေ လိုက်ပေးတာတွေရှိပေမဲ့ အန်အယ်လ်ဒီအစိုးရလက်ထက်တုန်းက ပေးထားတဲ့ ကိုဗစ်ကာလ လျှပ်စစ်မီတာအသုံးပြုနိုင်တဲ့ လျှော့ပေါ့ယူနစ်ကြေးတွေတော့ မီတာစာရွက်ထဲမှာဖြတ်ထားပေးဆဲလို့ သိရပါတယ်။

ဒါ့ပြင် တာမွေမြို့နယ်ထဲမှာလည်း မီတာစာရွက်ပို့တာတွေရှိနေပေမဲ့ ကိုဗစ်ကာလ လျှော့ပေါ့သက်သာခွင့်ကြောင့် လျှပ်စစ်ရုံးကို မီတာသွားဆောင်ရတာမျိုးတော့ မရှိဘူးလို့ နယ်ခံတွေက ပြောပါတယ်။

မြောက်ဒဂုံမြို့နယ်မှာလည်း မီတာဆောင်ဖို့ မီတာစာရွက်လာပေးပြီးတော့ အဲ့ဒီမီတာစာရွက်ဆောင်ရမဲ့ နောက်ဆုံးရက်ဟာ ပြီးခဲ့တဲ့ တစ်လကျော်က ရက်ဖြစ်နေကြောင်းလည်း မြောက်ဒဂုံမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

စစ်အာဏာသိမ်းမှုစတတင်တဲ့ ဖေဖော်ဝါရီလကစလို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ လျှပ်စစ်ဝန်ထမ်းတွေလည်း ပါဝင်နေပြီး လွန်ခဲ့တဲ့ ၂ လအတွင်း မီတာဖတ်တာ၊ မီတာစာရွက်ပို့တာတွေ မရှိခဲ့ပါဘူး။

အခု ရန်ကုန်မြို့နယ်တချို့မှာ ဖြစ်နေတဲ့ မီတာဆောင်ခိုင်းတဲ့ကိစ္စဟာ အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ၃ လအတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ လျှပ်စစ်မီတာဆောင်ခိုင်းနေ  ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ လျှပ်စစ်မီတာဆောင်ခိုင်းနေ Reviewed by THITHTOOLWIN on 22:08 Rating: 5

No comments:

Powered by Blogger.