ရေပိုင်နက်ထဲက ချက်ခြင်းထွက်ခွါပေးဖို့ တရုတ်ကို ဖိလစ်ပိုင်တောင်းဆို




(၁၃/၄/၂၀၂၁)

ဖိလစ်ပိုင်ရေပိုင်နက်မှာ တရားမဝင်ရောက်နေတဲ့ လက်နက်ကိုင် တရုတ်ငါးဖမ်းသင်းဘောတွေ ချက်ခြင်းထွက်ခွါပေးဖို့ ဖိလစ်ပိုင်အစိုးရကတရုတ်သံအမတ်ကို ဒီကနေ့  ဆင့်ခေါ်ပြီး သတိပေးတောင်းဆိုပါသည်။

မုန်တိုင်းဝင်ရှောင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖိလစ်ပိုင်ရေပိုင်နက်ထဲရောက်နေတာ တပါတ်ရှိနေပြီဖြစ်ပါတယ်။ မုန်တိုင်းမရှိတော့တာမို့ ချက်ခြင်း ထွက်ခွါပေးဖို့ တရုတ်သံအမတ်ကို ခေါိပြီးသတိပေးရတယ်ဆိုပါတယ်။ ဖိလစ်ပိုင်ရေပြင်မှာ တရုတ်သင်းဘောတွေရှိနေတာဟာ ဒေသတွင်းမတည်ငြိမ်မှုရဲ့ အဓိကအချက်လိုလည်း ဖိလစ်ပ်ုင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက တရုတ်သံအမတ်ကို ပြောပါတယ်။

ဖိလစ်ပိုင်က တောင်းဆိုတဲ့အတိုင်း တရုတ်က ဆုတ်ခွါမပေးဘူးဆိုရင် ဘာတွေဖြစ်လာမလဲဆိုတဲ့အပေါ် ဒေသတွင်းနိုင်ငံတွေက စိုးရိမ်နေပါတယ်။ တရုတ်နဲ့ ရေပြင်ပိုင်ဆိုင်မှု အငြင်းပွါးနေတဲ့အထဲက ဗီယက်နမ်နိုင်ငံကတော့ သူ့ရေတပ်ကို တပ်လှန့်ထားပါတယ်။ တရုတ်နဲ့ထိပ်တိုက်တွေ့နေတဲ့ တိုင်ဝမ်ကလည်း သူ့စစ်အင်အားကို အမြင့်ဆုံးတပ်လှန့်ထားသလို တောင်တရုတ်ပင်လယ်မှာ အမေရိကန်နဲ့ တရုတ်တပ်အင်အားအပြိုင်တိုးချဲ့ ချထားနေကြတာမို့ စိုးရိမ်ရတဲ့အနေအထားလို့ စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြပါသည်။


Burma News Network

https://www.facebook.com/burmanewsnetwork



ရေပိုင်နက်ထဲက ချက်ခြင်းထွက်ခွါပေးဖို့ တရုတ်ကို ဖိလစ်ပိုင်တောင်းဆို ရေပိုင်နက်ထဲက ချက်ခြင်းထွက်ခွါပေးဖို့ တရုတ်ကို ဖိလစ်ပိုင်တောင်းဆို Reviewed by THITHTOOLWIN on 20:44 Rating: 5

No comments:

Powered by Blogger.