ဆရာကြီးဦးဇော်ဝေစိုး၏ အိမ်ကို မီးကွင်းလာပစ်





(၂/၄/၂၀၂၁)

ဗဟန်းမြို့နယ်ရှိ ယာယီပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ နေအိမ်ကို  ဒီနေ့ညပိုင်းက မီးကွင်းလာပစ်ခဲ့ပေမဲ့ ရပ်ကွက်နေပြည်သူတွေက အချိန်မှီ ငြိမ်းသတ်နိုင်ခဲ့လို့ ပျက်စီးဆုးရူံးမှု သိပ်မရှိခဲ့ဘူးလို့ အိမ်နီးနားချင်းတွေကပြောပါတယ်။ 

ကား (၂)စီးနဲ့ မီးကွင်းလာပစ်တာဖြစ်ပြီး ဝင်းမော်(ရွှေသံစဉ်)နဲ့ ညိုမင်း ခေါ် အောင်မင်းတို့ စီးနေကျကား (၁) စီးပါတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

မီးကွင်းလာပစ်ချိန်မှာ ဗဟန်းရဲစခန်းကို ရပ်ကွက်က ဖုန်းဆက်ရာမှာ ထွက်မကြည့်ဖို့နဲ့ မီးသွားရောက်ငြိမ်းတာ မလုပ်ဖို့ တာဝန်ကျ ရဲအရာရှိက ပြောတယ်ဆိုပါတယ်။

ဆရာကြီးဇော်ဝေစိုးကတော့နေအိမ်မှာ ရှိမနေဘူးလို့လည်း အိမ်နီးနားခြင်းတွေကပြောပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

ဆရာကြီးဦးဇော်ဝေစိုး၏ အိမ်ကို မီးကွင်းလာပစ် ဆရာကြီးဦးဇော်ဝေစိုး၏ အိမ်ကို မီးကွင်းလာပစ် Reviewed by THITHTOOLWIN on 22:05 Rating: 5

No comments:

Powered by Blogger.